အပိုင်း(၄၃)ဆက်တိုက်နိုင်ပွဲများ

510 83 0
                                    


အပိုင်း(၄၃)ဆက်တိုက် နိုင်ပွဲများ

လူငယ်တိုင်းသည် ဝိဥာဉ်သားရဲ သင်တန်းကျောင်းမှ လူသစ်လက်ခံပွဲ အခမ်းအနား၏ စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း သိထားကြပေသည်။ အများစုသည် အများနှင့်တစ်ယောက် ယှဉ်ပြိုင်ပွဲများကို မည်သူမျှ ရူးမိုက်စွာ စိန်ခေါ်လိမ့်မည် မဟုတ်ဟု ခန့်မှန်းထားခဲ့ကြသည်။ ထိုအရာသည် အရမ်း အန္တရာယ် များလေသည်။ ကိုယ့်အင်အားကိုယ် ယုံကြည်မှုရှိသော သူများပင် ထိုကဲ့သို့ ပြုမူရန် သတိအတော် ထားရမည် ဖြစ်သည်။

လက်ရှိအခြေအနေသည် လူတိုင်းကို ဆွံ့အသွားစေသည်။ အများနှင့်တစ်ယောက် ယှဉ်ပြိုင်ပွဲကို တစ်ယောက်သာ စိန်ခေါ်သည် မဟုတ်ဘဲ လူငါးယောက်က စိန်ခေါ်ခဲ့ပေသည်။ အထူးသဖြင့် ကျန်းရီသည် လူအများကို ဆွံ့အသွားစေသည်။ ကျန်းရီသည် စင်ပေါ်သို့ ခုန်တက်လိုက်ချိန်တွင် လူအများစုသည် သူ့အရှိန်အဝါကို အာရုံခံမိပြီး သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သာ ရှိသေးကြောင်း သိရှိသွားကြလေသည်။

သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ဘဲ ရှိသေးတဲ့ သူတစ်ယောက်က ဒီလိုပွဲမျိုးကို ယှဉ်ပြိုင်ရဲတယ်လား?...လူအများစုသည် ဟာသတစ်ခုလို ခံစားလိုက်ရသော်လည်း တစ်ချို့မှာမူ ဒေါသထွက်သွားကြသည်။ ဝံပုလွေ မျက်နှာဖုံးကို ဝတ်ထားသော သူသည် အတော်လေးကို ထူးဆန်းပေသည်။ သူက ဒီကို ဟာသလုပ်ဖို့ ရောက်လာတာလား?

ပွဲကြည့်စင်ထက်မှ လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်တို့သည် ရယ်မောလိုက်ကြပေသည်။ ဝိဥာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာသုံးယောက်နှင့် အနောက်ဘက် မြို့စောင့်တပ်မှ အုပ်ချုပ်သူတို့သည် ကျီထင်ယွီ၊ ကျန်းဟန်ရွှေနှင့် အခြားနှစ်ယောက် ပေါ်ထွက်လာမှုတို့ကို အတော်လေးစိတ်ကျေနပ်နေခဲ့ကြသည်။ သူတို့ အသက်အရွယ်နှင့် ထိုမျှသော ကျင့်ကြံဆင့်ကို ရောက်နေသော လူငယ်တို့ကို မြင်ရသည်မှာ အတော်လေး ရှားပါးပေသည်။ ထို့ပြင် သူတို့သည် အများနှင့်တစ်ယောက် ယှဉ်ပြိုင်ပွဲကို စိန်ခေါ်ရန် သတ္တိရှိကြပေသည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now