part-7

5.2K 368 24
                                    

Unicode

ဟိုနေရာကြည့်လည်း လွမ်း သည်နေရာကြည့်လည်းလွမ်း။
မဟုတ်သေးပါဘူး နေ့တိုင်းလဲ ဖုန်းပြောနေရတာကို
ဘာကြောင့်လွမ်းနေရတာလဲ။အပြင်မှာ မတွေ့ရတာလေးပဲရှိတာ vedio callနဲ့လည်း အဆက်အသွယ်က မပြတ်
ဘူးလေ။ နွေရာသီမို့ အပူချိန်ပိုပြင်းထန်လို့များ အရမ်း
လွမ်းနေရသလား။ အခုချိန်မှာ မျက်နှာလေးပဲ ဖြစ်ဖြစ် မြင်လိုက်ရမှ အဆင်ပြေတော့မယ်ထင်ရဲ့။ ရှေးတစ်ယောက်
အပေါ်တတ်လိုက် အောက်ဆင်းလိုက် ဟိုဘက်လျှောက်လိုက်
ဒီဘက်လျှောက်လိုက်ဖြင့် ဂနာကိုမငြိမ်ပေ။ ဧည့်ခန်းကဆိုဖာ
မှာ ကိုးယိုကားယားဖြင့် ပက်လက်လှန်ကာ မျက်နှာကျက်ကို
အလိုမကျမူများစွာနဲ့ ကြည့်နေတယ်။ ဦးချစ်အနားမှာမရှိခြင်း
ဟာ ရှေးကို ဒီလောက်ကြီးထိ ဒုက္ခရောက်စေလိမ့်မယ်လို့
ဘယ်တုန်းကမှ မတွေးဖူးဘူး။ မတွေးဖူးဆို ဝေးရမယ်လိုမှ
မထင်ထားပဲလေ။

မျက်နှာကျက်ကို ကြောင်ကြည့်နေရာမှ ဆတ်ကနဲ ငုတ်တုပ်
ထထိုင်ပြန်တယ်။ ဒီအချိန်ဆို ဦးချစ်ဘာလုပ်နေမလဲ။

"ပြောပါအုံး ဖေ့သားကြီး ရည်းစားပူမိနေတာလား"

ပါးပါး က ရှေးဘေးနား ဝင်ထိုင်ပြီး မေးတယ်။ မားကတော့
မီးဖိုချောင်ထဲ အလုပ်ရှုပ်နေတယ်ထင်ရဲ့။

"ပါးပါး နဲ့ မားမား ခွဲရရင်အဲ့လိုပဲလွမ်းလာဟင်"

ရှေး ကို ကြည့်ပြီး ပါးပါးက ပြုံးစိစိ လုပ်တယ် ။

"ပါးပါးက မား နောက်တစ်ကောက်ကောက်လိုက်ပြီး
အပိုင်သိမ်းလိုက်တာ။  ချစ်ပြီးမှ ခွဲပြီးမနေဖူးဘူး"

"အာ့ဆို ဘာလို့ သားကျတော့ ခွဲနေရတာလဲ"

"သားတို့ကို ငယ်သေးလို့ ခဏခွဲထားတာတဲ့ ပါးပါး ချစ်ဦးသွင်
မိဘတွေနဲ့တွေ့ပြီးပြီး ။ အတူတူ နေတော့ မဖြစ်သင့်တာတွေ
ဖြစ်မှာစိုးလို့တဲ့"

"ဟင် ဘာကို ဖြစ်ရမှာလဲ ပါးပါးရဲ့။ သားနဲ့ ဦးချစ်နဲ့က ရိုးပါတယ်နော် နမ်းရုံပဲ နမ်းတာကို "

ပါးပါးက ရှေးရဲ့ ခေါင်းကိုပုတ်ပြီး ဆံပင်တွေဖွပြစ်တယ်။

"တကယ်တော့ ပါးပါးက သားတို့ကို မခွဲထားချင်ပါဘူး။
ဒီလိုလုပ်လေ ကတိပေး ။ သားတို့ မင်္ဂလာ မဆောင်မချင်း
နမ်းရုံပဲနမ်းမှာပါလို့ ဘာမှမလုပ်ဘူးလို့"

Before Fiction (Completed) Where stories live. Discover now