Unicode version
အတန်းထဲကိုသူရနဲ့သူ့သူငယ်ချင်းဝင်လာတာနဲ့အတန်းထဲရှိမိန်းခလေးေတရဲ့မျက်လုံးများဟာသူရပေါ်သို့ရောက်လာကြတာပေါ့
ကောင်မလေးတစ်ယောက်က
"သူရေရာ့ဒါနင့်အတွက်" ဆိုပြီးလက်ထဲကချောကလက်ကိုပေးလိုက်တယ်
သူရခမျာအားနာလို့သာ
"ကျေးဇူးပဲ" ဟုပြောကာယူလိုက်ပြီး ခုံတွင်ထိုင်လိုက်ပြီး အဲ့ချောကလက်ကိုေအာင်သူကိုသာပေးလိုက်တော့တယ်*ြမတ်နိုးတို့အတန်းဘက်*
"တီချယ်ဝင်ခွင့်ပြုပါရှင့်"
မြတ်နိုးတို့သူငယ်ချင်းနှစ်ယောက်လက်ထောင်ကာဆရာမကခေါင်းငြိမ့်ပြ၍ဝင်လာကြပြီးကိုယ့်နေရာမှကိုထိုင်လိုက်ကြတယ်
"မြတ်နိုးငါတို့တော်သေးတယ်နော်အတန်းမှီလို့ ဟီး..ဟီး"
"ရတီရီမနေနဲ့ အဲ့ဒါနင်နောက်ကျလို့ဖြစ်တာလေ"
ဆိုပြီးမြတ်နိုးနဲ့ရတီးတိုးပြောနေကြတယ်
ဆရာမစာသင်ချိန်ပြီးတဲ့အခါမှာတော့မြတ်နိုးတို့မမှီလိုက်တဲ့စာတေကူးနေကြရော
"မြတ်နိုး ငါတို့စာကူးပြီးရင်canteenဖြစ်ဖြစ် တစ်နေရာရာသွားရအောင်နော် နောက်အတန်းချိန်မရှိဘူးလေ ထမင်းစားနားပြီးမှအတန်းချိန်ပြန်စမှာပဲဟာနော်"
"အေးပါ ရတီရယ် ငါလဲနင့်ကိုပြောမလို့ပဲ နင်ကပြောလိုက်တော့အတော်ပဲဖြစ်သွားတယ် ခဏနေသွားကြမယ်လေ"
သူငယ်ချင်းနှစ်ယောက်အတိုင်ဖောက်ညီကသွားရန်ပြင်ဆင်ပြီးတော့စာကြည့်တိုက်ဘက်သို့ထွက်လာခဲ့ကြတယ်*သူရတို့အတန်းဘက်*
Ecမှ
"ဆရာမနေမကောင်းလို့မလာဘူးတဲ့ သူငယ်ချင်းတို့ရေ နောက်တစ်ချိန်လဲမရှိဘူး အတန်းဆင်းချင်ဆင်းလို့ရပြီဟေ့"
လို့ပြောလိုက်ပြောလိုက်တာနဲ့ သူရနဲ့အောင်သူတို့လွတ်အိတ်ကိုဆွဲပြီးအတန်းထဲမှထွက်သွားပါလေရော
"သူရ ငါတို့ဘယ်နေရာသွားကြမလဲ"
"စာကြည့်တိုက်သွားရအောင်ကွာ"
"စာကြည့်တိုက်ဟုတ်လား"
အောင်သူ သူ့သူငယ်ချင်းကိုစိတ်ညစ်ညစ်နဲ့မေးလိုက်တယ်
"ဟုတ်တယ်ေလ ငါတို့ကိုတီချယ်ရှာခိုင်းထားတာတေ ရှာရအုံးမယ်လေကွာ"ဆိုပြီး
သူရပြုံးပြုံးလေးပြန်ပြောလိုက်တယ်
"ကဲ...အဲ့ဒါဆိုလဲပြီးရော လာသွားမယ်"
သူ့သူငယ်ကိုသူပြောလည်းရမှာမဟုတ်တာကြောင့်စာကြည့်တိုက်ဘက်သို့လာခဲ့ကြသည်
JE LEEST
Crush On You❤️
Romantiekပထမဆုံးစရေးတာမို့လို့ဖတ်ရတာအဆင်မပြေရင်တောင်းပန်ပါတယ်ခွင့်လွှတ်ပါ❤️