Blofa :: 53 [Unicode]

2K 238 13
                                    

Blofa ::  53

Warui စစ်တပ်ရဲ့ စစ်တံတိုင်းရဲ့ ဝင်ပေါက်ကနေ အလျိုလျိုဝင်လာသော တော်ဝင် မြင်းတပ်သားတွေကို အပေါက်ဝမှာ တင် သတ်ဖြတ်သည့်အချိန်ထိ Warui ရဲ့စစ်တပ်က အသာစီးရနေခဲ့သည်။ သို့သော်  မြင်းတပ်ကို အာရုံစိုက်နေတုန်း စခန်းထဲမှာတင် Warui တပ်သားတွေ ဟိုတစ်ယောက် သည်တစ်ယောက် လဲကျကုန်ကြသောကြောင့် Warui တပ်သားတွေရဲ့ အာရုံတွေထွေပြားလာကြသည်။ လဲကျတဲ့သူတွေဟာ လည်ပင်းမှာ ဓာဒဏ်ရာနှင့် အသံအိုးဖြတ်ရာတွေကြောင့် စခန်းထဲကို နန်းတော်ရဲ့ လျို့ဝှက် Ninja တွေပါ ပါလာတာကိုသတိထားမိကြတော့ Warui တပ်သားတွေက တစ်ယောက်ကို တစ်ယောက်လှည့်ကြည့်ကာ ရှုပ်ထွေးလာကြသည်။  စခန်းထဲ တဖြည်းဖြည်း စိမ့်ဝင်လာတဲ့ Ninja တွေဟာ လုပ်ကြံသတ်ဖြတ်သူပီပီ သူတို့က အနားမှာရှိနေရင်တောင် ရန်သူမှန်းသိဖို့ လွယ်ကူမနေဘူး။ တဖြည်းဖြည်း Warui ရဲ့ တပ်သားတွေဟာ အာရုံစိုက်ရမယ့် ရန်သူတွေကြောင့်  ပူပန်စိတ်တွေကြောင့်ရျုပ်ထွေးကာ ဟန်ချက်ပျက်လာသည်။ ဒီအခဖြစ်အပျက်မှာ တစ်ယောက်ထဲ သွေးအေးစွာ အခြေအနေကို သုံးသပ်နိုင်သူက Dono။ စခန်းထဲ ဝင်လာတဲ့ မြင်းစစ်သည်တွေအစား သူ့ပါတ်ဝန်းကျင်ကို သူအကဲခတ်လိုက်သည်။  မိန်းကလေးတွေထက် ယောကျာ်းလေးတွေအပေါ်စိတ်ဝင်တစားရှိလှတဲ့သူဟာ သည်အခြေအနေမျိုးမှာ သူတို့တပ်ထဲ စိမ့်ဝင်နေတဲ့ လုပ်ကြံသူတွေကို ဖော်ထုတ်ဖို့ နှာခေါင်းကိုကောင်းစွာအသုံးချလိုက်သည်။

တိုက်ခိုက်နေကြသော တပ်သားတွေကြားထဲ ဖြတ်သန်းသွားပြီးတဲ့နောက်မှာ Dono ရင်မောသွားရသည်။ Nara ဧကရာဇ်က သူ့ရဲ့ အမြင့်ဆုံး Ninja လက်ပါးစေတွေကိုပါ အများကြီး လွတ်လိုက်ပုံပင်။ အမွှေးနံ့သာကို ခုံမင်သော Dono မှာ ငယ်စဉ်ကပင် အမဲလိုက်ခွေးဟု စနောက်ခံရလောက်အောင် ထူးကဲစွာ အနံ့ခံအာရုံ၌ ပါရမီပါလာသည်။ ပါရမီကို လေ့ကျင့်မှုနှင့်ပေါင်းစပ်လိုက်သည့်အခါ ရာသီဥတုကိုပင် အနံ့နှင့် ခန့်မှန်းနိုင်သူဖြစ်လာခဲ့သည်။

🌾 Bleeding Love 🌾
^~ Fallen Angel~^

Zaiho ရဲ့ အကြောင်းကို နားထောင်ပြီး အချိန်တော်တော်ကြာထိ ထင်းရှူးတောစပ်လေးမှာ Iori ငြိမ်ငြိမ်လေး ထိုင်ပြီး ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကိုပြန်တွေးနေခဲ့သည်။ အေးစက်သော နှင်းထုဟာ Iori ရင်ထဲက အပူမီးကို အနည်းငယ်မျှ သက်သာအောင်မစွမ်းဆောင်နိုင်။ Shun ကိုယုံကြည်ပေးတာဟာ Shun ကို ကူညီခြင်းပေမို့ Iori Shun ကို ချက်ချင်းသွားရှာချင်စိတ်ကို မနည်းထိန်းထားခဲ့ရသည်။

Bleeding Love Of Fallen AngelWhere stories live. Discover now