Unicode version
ကြောင်ကြည့်နေတဲ့သူရကိုအောင်သူပုတ်လိုက်ပြီး
"ဟေ့ရောင် ကြောင်ကြည့်မနေနဲ့ဟိုကဖြင့်သွားပြီ ဒါနဲ့မင်းပြောတော့တီချယ်ရှာခိုင်းတဲ့စာအုပ်ရှာမယ်ဆို ဘယ်လိုလုပ်ပြီးအဲ့မင်းသမီးစာအုပ်ဖြစ်ရတာလဲ"
"အော် အဲ့ဟာကငါကြိုက်လို့လေ"
"စာအုပ်ကိုလား ဒါမှမဟုတ်ဟိုစွာတေးမလေးလား ဟား....ဟား"
"မင်းကလည်းစာအုပ်ကိုပြောတာပေါ့ဟ"
သူရရှက်ပြီးပြန်ဖြေလိုက်ပုံများမျက်နှာလေးမှာနဲနဲလေးအနီရောင်သန်းနေလိုက်တာ😍
"အေးပါကွာ အာ့ဆိုလည်းပြီးရော မင်းမျက်နှာကလည်းနီနေပါလား သားကြီး မင်းနော်မင်း အဟွင်း....အဟွင်း"
အောင်သူရှက်နေတဲ့သူ့သူငယ်ချင်းကိုစပြီးရင်းစနေတော့သည်
"ဟေ့ရောင် တော်တော့မပြောနဲ့တော့ကွာ မင်းခုရောက်နေတာစာကြည့်တိုက်ထဲနော် ပွဲဈေးတန်းမှတ်နေလား တိုးတိုးနေ လာတီချယ်ပြောတဲ့စာအုပ်သွားရှာမယ် မင်းပါးစပ်ပိတ်ပြီးကူရှာပေးဒါပဲ"
သူရတို့စာအုပ်ဆက်ရှာနေကြဆဲ
မြတ်နိုးတို့သူငယ်ချင်း၂ယောက်လမ်းလျှောက်ရင်းနဲ့
"မြတ်နိုး ခုနကနင်နဲ့စကားများတဲ့အကိုကြီးနဲ့သူ့ဘေးကအကိုကြီးရော၂ယောက်လုံးချောတယ်နော်"
"Omm အဲ့တော့ဘာဖြစ်လဲ"
"နင်နဲ့စကားများခဲ့တဲ့တစ်ယောက်ကတတိယနှစ်စီးပွားရေးမေဂျာကKing သူ့နာမည်ကသူရတဲ့ မိုက်တယ်နော်"
"ဟား...ဟား ရတီရယ် မိုက်တယ်ဟုတ်လား အေးလေမိုက်မှာပေါ့ ငါ့နဲ့တောင်ရန်ဖြစ်သေးတာပဲကို"
"ငါကနင့်အတွက်ပြောတာပါနော် မြတ်နိုး ငါကတော့သူ့ဘေးနားကကိုကြီးကိုပဲကြွေသွားပြီ ဟီး..ဟီး"
"အေးပါဟယ် နင်ကလည်းဖြစ်နေပြန်ပြီ ငါဗိုက်ဆာလာပြီ လာcanteenသွားကြမယ်"
"အေးအေး"
Canteen ရောက်တဲ့အခါလွတ်နေတဲ့ဝိုင်းမှာမြတ်နိုးနဲ့ရတီဝင်ထိုင်လိုက်ကြတယ်
"ရတီနင်ဘာစားမှာလဲငါကတော့ငါးထမင်းနယ်စားမယ်"
"ငါကတော့လက်ဖက်ထမင်းနဲ့ကြက်ဥကြော်စားမယ်"
ဆိုပြီးမှာကြတယ်
ESTÁS LEYENDO
Crush On You❤️
Romanceပထမဆုံးစရေးတာမို့လို့ဖတ်ရတာအဆင်မပြေရင်တောင်းပန်ပါတယ်ခွင့်လွှတ်ပါ❤️