For Zawgyi
" ခေါ်သွားပေးမယ်ဆို "
အချိန်အတော်ကြာသည်အထိ မလှုပ်ရှားသေးသောအလင်းမှုန်လေးနှစ်ခုကြောင့် Spirit လေးရဲ့ကိုယ်ထဲကနေ အနက်ရောင်အငွေ့အသက်လေးတွေက တိုးဝှေ့ထွက်လာသည်...
တစ်စတစ်စ ရေခဲမှုန်လေးတွေပါ ရိုက်ခတ်လာသလိုပဲ .. နေပါဉီး ဒီ Spirit က အတတ်မြန်လှချည်လား ...
" အင်း ခေါ်သွားပေးမှာပါ "
" Bai မင်းဒီမှာကျန်ခဲ့ပေး ငါအရင်သွားပြောနှင့်မယ် "
" Hei ဖြစ်ပါ့မလား မင်းအပြစ်ပေးခံရမှာနော် "
" ဘာပဲဖြစ်ဖြစ် ငါမှမသွားရင် သူပိုဆိုးလာလိမ့်မယ် ... ငါတို့အပြစ်ပေးခံရတော့လည်း ဘာအရေးလဲ ... နှစ်၁၀၀လောက်ပဲ အမှောင်တိုက်ထဲ ပိတ်ခံရမှာပါ "
ခပ်ဟဟရယ်သံအဆုံးမှာ Hei ဆိုတဲ့အလင်းမှုန်လေးက ပျောက်သွားလေပြီ ..
" မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲဆိုတာ ငါ့ကိုပြောပြနိုင်မလား ကောင်းဉီးဝေ "
" ကျနော်ဘာလုပ်ချင်တယ်ဆိုတာပြောပြရင် ခင်ဗျားကကျနော့ကိုတားဖို့ကြိုးစားမှာပဲမလား "
Bai က ကောင်းဉီးဝေကို အိမ်ပေါ်ကနေခေါ်ထုတ်သွားတယ် ... ကြာကြာနေရင် သူတို့ရှိနေမှန်း လူတွေရိပ်မိကုန်မှာစိုးလို့ပဲ ဖြစ်တယ် ....
ခြံတစ်ခြံ ... ဒါက ကောင်းဉီးဝေရဲ့ခြံ ..
မရောက်တာကြာပြီဖြစ်တဲ့ ဒီခြံဟာ သူရှိစဉ်ကနဲ့မတူတော့ဘူး ... အိမ်မှာ ခြံစောင့်တောင်မထားတော့တဲ့အတွက် ခြံထဲက မြက်ခင်းပြင်ဟာ မြက်တွေရှည်နေပြီဖြစ်တယ် ... အိမ်ရဲ့ ခြေရင်းဘက္မှာ နှင်းဆီပင်တွေရှိတယ် .... အဲ့ဒီအပင်တွေဟာ ကောင်းဉီးဝေကိုယ်တိုင်စိုက်ခဲ့တာပဲ ... ကောင်းဉီးဝေရဲ့အိပ်ခန်းဝရံတာကနေဆို ကောင်းကောင်းမြင်ရတယ်လေ..
အခုလက်ရှိမှာ ကောင်းဉီးဝေဟာ ကန့်သတ်ထားတဲ့နေရာကလွဲရင်အကုန်သွားလို့ရတယ် ... ဥပမာ သူ့နေထိုင်ခဲ့တဲ့အိမ်တို့ ခြံတို့ပေါ့ ... ဒါက သူသက်ရှိစဉ်ကတည်းက နေရာမို့ သွားချင်တဲ့နေရာက တံခါးပိတ်ထားရင်တောင် သူ့အနေနဲ့ ဖွင့်သွားစရာမလိုတော့ဘူး ... ဖောက်ထွင်းဝင်သွားလို့ရတာမျိုးပေါ့ ..
YOU ARE READING
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystery / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...