(Unicode)
ခံစားချက်တွေ မရေမရာဖြစ်နေသည်ကို ထိုနေ့က အဆုံးအဖြတ်ပေးလိုက်ခြင်းလေလားတော့မသိ။
မဖွင့်ဟတော့ပါဟု ဆုံးဖြတ်ထားသော်လည်း ထိုဆုံးဖြတ်ချက်က လေထဲလွင့်ခဲ့လေပြီး။
ခေါင်းမိုးထပ် အစွန်နားတွင် သူ့ကိုတွေ့ရသည်ကား ရင်ထဲပူလောင်မှုကအဆမတန်
သူ့အားဆုံးရှုံးရတော့မည်ဆိုသောအသိက
ရင်ကိုတကယ်ပူလောင်စေခဲ့သည်။နောက်ဆုံး အနှေးနဲ့အမြန်သိလိုက်သည့်အမှန်တရားတစ်ခုကား
သူ့ကိုချစ်တာထက် ပိုခဲ့လေပြီး
ချစ်တာထက်မြတ်နိုးတန်ဖိုးထားတယ်လို့ပြောရင် ပိုမှန်ပါ့လိမ့်မယ်။Soungကိုချစ်ခဲ့ဖူးသည်
သို့သော် ယခု သူကား တမူထူးခြားတယ်လို့ဆိုရမလား။နည်းနည်းလေးမှ အပွန်းပဲ့မခံနိုင်လောက်အောင်ပင် ထိလွယ်ရှလွယ်သော ခံစားချက်က သူနဲ့တွေ့မှ ပေါက်ဖွားလာလေသလားလို့တောင်ဆိုရမည်။
သူဆိုသည်မှာ ကျွန်တော်သိပ်ချစ်ရတဲ့ လူသား "Park Jimin"
..........................................................
ဆေးရုံကဆင်းပြီးဖြစ်သော်လည်း စိတ်မချတာကြောင့် အဆောင်ကိုပြန်ပို့မပေးဘဲ အိမ်သို့သာခေါ်လာရခြင်းပင်။
ကျောင်းပိတ်ရက် Weekendလည်းဖြစ်နေသည်မို့ အနားယူရန်ပိုအဆင်ပြေသွားရသည်။
ဆေးရုံကဆင်းလာပြီး အိမ်စရောက်ကတည်းက ဘာစကားမှမပြောဘဲ
ဝရံတာဘက်တွင် အပြင်ဘက်ကို ငေးကာ
မှိုင်နေသောသူအနောက်ကနေ အသာလေးခါးကိုဖက်တွယ်ကာ
"ငယ်"
ချက်ချင်းပင် ခုနကမျက်နှာနှင့် မတူတော့ဘဲ အနောက်ပြန်လှည့်လာကာ
"ကျွန်တော့်ကိုခေါ်တာလား"
YoongiကJiminကိုကြည့်ကာ ရီပြလိုက်ပြီး
"အင်းလေ ဒီမှာငယ်နဲ့ကိုယ်နဲ့နှစ်ယောက်တည်းရှိတာ ငယ့်ကိုဘဲခေါ်တာပေါ့"
"ငယ် ဆိုတာ?"
"ကိုယ့်ချစ်သူကို ငယ်လို့ခေါ်ရတာသဘောကျလို့"