အခန်း(၄၉)ဆက်တိုက်ခိုက်မယ်"မာဟေးချီအတွက် ပြီးသွားမှာလား?...မဖြစ်နိုင်တာပဲ...ဟုတ်တယ်မလား?ကျန်းရီရဲ့ လက်နှစ်ဖက်လုံးက မတိုက်ခိုက်နိုင်ဘူးလေ...သူဘယ်လိုလုပ် မာဟေးချီက်ု အနိုင်ယူမှာလဲ?...ကျွန်တော့်အမြင်အရ ကျန်းရီက မာဟေးချီကို ထိခိုက်အောင် လုပ်နိုင်မှာ အတွင်းအားပေါက်ကွဲလက်ဝါးကို သုံးမှရမှာ...လက်နှစ်ဖက်လုံး မရှိဘဲ သူဘယ်လိုလုပ်ပြီး အတွင်းအားပေါက်ကွဲလက်ဝါးကို သုံးလို့ရမှာလဲ?''
ကြီးကြပ်သူယန်သည် သိုင်းခန်းမသခင် ဘာကြောင့် ထိုသို့တွေးသည်ကို နားမလည်ပေ။ သူသည် စင်ပေါ်ရှိ ကျန်းရီကိုသာ ကြည့်နေခဲ့လိုက်သည်။ ကျန်းရီ၏ ဒန်တျန်းသည် ဖျက်ဆီးခံရတော့မည်ကို မြင်လျှင် သူ့နှလုံးသားသည် ဆွဲထုတ်ခံလိုက်ရသလိုပင် ခံစားလိုက်ရသည်။
သိုင်းခန်းသခင်သည် တည်တည်ငြိမ်ငြိမ်ပင် ပြောလာခဲ့သည်...
"ဒီကောင်လေးက သူ့ပြိုင်ဘက်ကို ညာဘက်လက် ထိခိုက်စေဖို့ တမင်ခွင့်ပြုပေးခဲ့တာလို့ ငါခံစားနေရတယ်...သူက ဒါကို ချက်ချင်း ပြန်ကုဖို့ မတွေးဘဲ...တိုက်ပွဲတစ်ခုကို တောင်းဆိုခဲ့တယ်...သူက သူ့ကိုယ်သူ အဆုံးသတ်ထိ တွန်းအားပေးပြီး အကန့်အသတ်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာဖြစ်မယ်!"
စင်ပေါ်တွင် မာဟေးချီ၏ သိမ်းငှက်လက်သည်းသည် ကျန်းရီ၏ ဝမ်းဗိုက်သို့ ထိလုဆဲဆဲပင်။ သူ၏ သိမ်းငှက်လက်သည်းသည် ပုံစံတစ်ခုသာ မဟုတ်ဘဲ သိုင်းပညာတစ်ခုလည်း ဖြစ်သည်။ ယခုတွင် သူ၏ လက်ချောင်းများသည် ပို၍ရှည်လျားလာခဲ့ပြီး လက်သည်းများသည်လည်း ပိုမိုချွန်ထက်လာခဲ့သည်။ ထိုလက်သည်းများသည် သားရိုင်းကောင်၏ အရိုးများကိုပင် ကျိုးကြေသွားစေနိုင်သည့်နှယ်...
ပြီးသွားပြီ!
လမ်ချမ်ချမ့်၏ လက်ချက်ဖြင့် စင်ပေါ်မှ ဆင်းလာခဲ့ရသော ရီလင်းရွှယ်သည်ပင် မနေနိုင်တော့ဘဲ ခေါင်းကို အဝေးသို့ လှည့်ထားလိုက်သည်။ သူမသည် ကျန်းရီ၏ ဝမ်းဗိုက်နှင့် ဒန်တျန်းပျက်စီးသွားမည်ကို မမြင်ချင်ပေ။
"မာဟေးချီ...မင်းက မာဖေးနဲ့ တခြားလူတွေအတွက် လက်စားချေချင်နေတယ်...မင်းရဲ့လက်ရှိအင်အားနဲ့လား?...မင်းအတွက် မင်းအဖေကိုပဲ လက်စားပြန်ချေခိုင်းတော့!''
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Aksiyonကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...