part-8(unicode)

4.4K 235 5
                                    

Unicode only

"ဦးချစ် အောက်ဆင်းလာခဲ့ ငါအိပ်ချင်နေပြီ"

ရှေး က လက်လေးနှစ်ဖက်ဆန့်လို့ မြောက်ပေးတယ် ။

"မောင်က ဖမ်းနိုင်လို့လား"

ကားအမိုးပေါ်ကနေ ဆောင့်ချောင့်လေးထိုင်ပြီး ဦးချစ်ကပြန်ပြောတော့ ရှေးက အားကိုးချင်စရာ လက်နှစ်ဖက်ကို မြောက်ပြတယ်။

"ဦးချစ်အတွက် မောင့်မှာ အားအင်အပြည့်ပဲ"

ဦချစ် က ရှေးရဲ့အမူအယာကို ကြည့်ပြီး သွားစွယ်ဖြူဖြူ
လေးတွေ ပေါ်အောင်ရယ်တယ်။ ပြီးနောက် ရှေးကမ်းပေး
တဲ့လက်ဆီ တည့်တည့်ခုန်ချတယ်။ အရွယ်ချင်းသိပ်မကွာ
သော်လည်း ထင်မှတ်မထားစွာ ရှေးဟာ ဦးချစ်ကို ပွေ့နိုင်
သွားခဲ့တယ်။ ရှေးက ဦးချစ်ကို ပွေ့ဖမ်းရာကနေ  သုံးလေးပတ်လောက် လှည့်ပြီးမှ ချပေးလိုက်တယ်။

ဦးချစ် လက်တွေဟာ ရှေးကို အားကိုးတကြီး ဖမ်းဆုပ်ထား
ရာကနေ ရုပ်ရှင်ဆန်စွာ ဖြစ်သွားခြင်းကို သဘောကျကာ
ကြည်ကြည်နူးနူးလေး ပြုံးပြနေတယ်။

"ဘယ်လိုလဲ မောင်အားရှိတာ ယုံပြီမလား"

"Ommmm"

ဦးချစ်က ရှက်ပြုံးလေးနဲ့ခေါင်းငြိမ့်တယ်ဆိုရင်ပဲ ရှေးက
Yessss!!!ဟုအော် နှစ်ချက်လောက်ခုန်လိုက်တယ်။

"ဒါဖြင့်ရင် မောင့်ကိုဆုချလေ"

"ဘာဆုချရမှာလဲ"

ဦးချစ်မေးတယ်ဆိုရင်ပဲ ရှေးက မျက်လုံးလေး မှိတ်ထားလိုက်တယ်။ အနမ်းဆုကို လိုချင်ကြောင်း သဘောပေါက်လွယ်
စွာ ဦးချစ်က ရှေးရဲ့နှုတ်ခမ်းလေးကို လျှာဖျားလေးနဲ့ ထိပြီး
ခပ်ကြာကြာဖိနမ်းပေးလိုက်တယ်။

ရှေးဟာ စိတ်တွေကို မရိုးမယွဖြစ်အောင် ဖန်ဆင်းခံလိုက်ရသည်မို့ မျက်လုံးလေးပြူးကာ ဦးချစ်ရဲ့မေးဖျားလေးကို
ကိုင်လိုက်တယ်။

"ရိုရိုပဲနမ်း ။ အသက်မပြည့်မချင်း မောင့်ကို ထိခွင့် ပါမစ်
မရဘူးဖြစ်သွားမယ်"

"ဟင် ငါ ရိုးရိုးလေးပဲနမ်းတာလေ"

အလန့်တကြား ဖြေရှင်းနေသော ဦးချစ်ဟာ နမ်းခွင်ပါမစ်
မရတုန်းကလိုပဲ ရှေးနောက်က တစ်ကောက်ကောက်လိုက်တယ်။ ရှေးကစိတ်မရှည်စွာ ဦးချစ်ကို ကားထဲတွန့်ပို့ပြီး
တံခါးကိုဆွဲပိတ်လိုက်တယ်။

Before Fiction (Completed) Where stories live. Discover now