အပိုင်း(၅၅)နတ်ဆိုး"စုစည်းကြ!"
အနောက်ဘက်မြို့စောင့်တပ်၏ လက်ထောက်စစ်သူကြီးက အမိန့်ပေးလိုက်သည်နှင့် ပွဲကြည့်စင်ရှိ အရာရှိအားလုံးသည် သူတို့၏ လက်အောက်ငယ်သားများကို စတင် စုစည်းလိုက်ကြသည်။ လူတိုင်းသည် တိတ်ဆိတ်နေကြပြီး လေးနက်သော အမူအရာများ ရှိနေခဲ့ကြသည်။ စစ်သားများသည် ဓါးများနှင့် ချပ်ဝတ်တန်ဆာများကို ကောင်းစွာ ဝတ်ဆင်ထားပြီး သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် သူတို့၏အရာရှိများကို လျှင်မြန်စွာ တုန့်ပြန်လိုက်ကြသည်။
လက်ထောက်စစ်သူကြီးက လူအနည်းငယ်ကို ဦးဆောင်ကာ ကျန်းအိမ်တော်သို့ ဦးတည်သွားနေခဲ့သည်။ သူသည် ကျန်းဂိုဏ်းချုပ် ကျန်းယွင်ရှန်ကိုပင် မလှည့်ကြည့်တော့ချေ။
ကျန်းယွင်ရှန်သည် အတော်လေး မသက်မသာဖြစ်နေပေသည်။ သူသည် ထိုင်ခုံမှ မထခင်တွင် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး အနောက်ဘက်မြို့တပ်၏ အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။
တစ်ခုခုတော့မှားနေချေပြီ.....
ကျီထျန်းသည် လူတိုင်းကို ကြည့်လိုက်သည်။ သူတို့၏ရင်ထဲတွင် အကြောက်တရားများနှင့် တုန်လှုပ်နေကြသည်။ ကျန်းယွင်ဟိုင် ဘာကိုဆိုလိုသည်ကို သူတို့မသိကြသော်လည်း ကျန်းရီသာ သေဆုံးသွားခဲ့လျှင် ကောင်းကင်ဘုံတစ်မြို့လုံး အထိန်းအကွပ်မဲ့ ဖြစ်သွားမည်ကိုတော့ သိထားကြသည်။ ကျီထျန်းသည် ဝိဥာဉ်သားရဲ သင်တန်းကျောင်း၏ အကြီးအကဲဖူကို မေတ္တာရပ်ခံလိုက်သည်။
"အကြီးအကဲဖူ... ပြိုင်ပွဲကို ခနလောက် နားမထားချင်ဘူးလား? တစ်ချက်လောက် အခြေအနေတွေကို သွားကြည့်ရအောင်..."
အကြီးအကဲဖူသည် ခေါင်းငြိမ့်လိုက်သည်။ ဝိဥာဉ်သားရဲ သင်တန်းကျောင်း၏ ဆရာများကို လူငယ်တစ်ယောက်နှင့်အတူ မြှုပ်နှံပစ်မည်ဟု ခြိမ်းခြောက်ခံထားရသည်။ ၎င်းမှာ သူ့ကို မသက်မသာဖြစ်စေသော်လည်း လက်ရှိအခြေအနေအရ ပြိုင်ပွဲကို ခေတ္တရပ်ထားကာ အခြေအနေတည်ငြိမ်သွားအောင် စောင့်ကြည့်ရုံသာ တတ်နိုင်ပေသည်။
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Acciónကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...