♥♥♥♥♥ ( one shot) ♥♥♥♥♥၁။
မေးစေ့ကို လာကိုင်တဲ့လက်ကို ခပ်ဆတ်ဆတ်ပုတ်ချလိုက်တယ်။
Noပဲ။
"ကျေးဇူးပြုပြီး ငါ့ကိုဒီလိုထိခတ်ဖို့မကြိုးစားပါနဲ့. Joingin"အခိုက်လေးတစ်ခုလောက်ငြိမ်သွားကြတယ်။
မင်းကတော့ငါ့ကို နားမလည်သလိုကြည့်နေမယ်ဆိုတာလဲသိနေတယ်။ မင်းက....မင်းကချစ်ခြင်းမေတ္တာကိုဘယ်လိုနားလည်ထားလို့လဲ နူးညံ့တဲ့အပြုအမူတွေနဲ့ ငါ့ကို လာမပြုမူနဲ့တော့
"ကျတော် Hyung ကိုချစ်တယ်”
"မင်းဒီစကားကို ပြောဖို့သေချာစဉ်းစားခဲ့လား Joingin”
"ကျတော်က ယောက်ျားတစ်ယောက်ပဲ Hyung။ ယောက်ျားလိုပဲ ဝတ်စားနေထိုင်တယ်။ ကျတော့်ကိုယ်ကျတော်ယောက်ျားဆိုတဲ့ ဖြစ်တည်မှုကို နှစ်သက်တယ်။ ကျတော်မိန်းမတစ်ယောက်လဲမဖြစ်ချင်ဘူး။ ကျတော် နှုတ်ခမ်းနီ မကြိုက်ဘူး။ ဂါဝန်တွေလဲမဝတ်ချင်ဘူး။ ဒေါက်ဖိနပ်လဲ မကြိုက်ဘူး။ ဒါမယ့် ကျတော် Hyungကိုချစ်တယ်။ "
"ဒီမှာ Joingin ငါမင်းအပေါ်မှာ ညီလေးတစ်ယောက်လိုခံစားချက်ကလွဲပြီး ဘာမှမရှိခဲ့ဘူး။"
"မဟုတ်ဘူး..... Hyung ညာနေတာ"
"မင်းရဲ့အသံကို ထိန်းပြော Joingin! ငါတို့ပဲရှိတာမဟုတ်ဘူး။
ဘေးမှာလူတွေရှိတယ်။""Hyung ညာနေတာ ကျတော်သိတယ်။
Impossible ဆိုတဲ့အကြောင်းပြချက်နဲ့ Hyungညာနေတာ။""ငါမင်းကို ပြောပြထားပြီးသားပါ။ ငါ့ဘဝငါမပိုင်ဘူး
ပိုင်ရင်တောင် ငါသဘာဝကိုမဆန့်ကျင်ဘူး။
ငါ့အလုပ် ငါ့ဂုဏ်နဲ့ ဒီလိုလမ်းကို ရွေးမယ်လို့မင်းကထင်နေတာလား။""သိပ်မတွေးနဲ့လေဗျာ.........."
"Kim Joingin! ငါဒေါသမထွက်ချင်ဘူး။
ထပ်ပြီးတော့ အဲ့စကားကိုမပြောနဲ့တော့။""မင်းနဲ့ငါ ကြားကပုံမှန်ဆက်ဆံရေးကိုလဲ မပျက်ချင်ဘူး။"
"ကျတော်က တရားခံဆိုရင် Hyung လဲကြံရာပါပဲ။
ကျတော်အမြတ်တနိုး မှီခဲ့တဲ့ Hyung ရဲ့ပုခုံးနှစ်ဘက်ကသက်သေပဲ။
"Hyung ပဲပြောခဲ့တယ်လေ...
ကျတော်နဲ့ရှိနေရရင် ပျော်တယ်ဆို။"