စတင်​ခြင်း 💫

999 47 8
                                    

"မင်္ဂလာပါ Host"

"ဘယ်​သူလဲ ဘာမင်္ဂလာပါလဲ ငါမင်းကိုမမြင်​ရဘူး"

"ဟုတ်​ကဲ့ Host ​သေချာကြည့်​ပါ"

မီး​ရောင်​​တွေတလတ်​လတ်​ထကာ "ချွင်း" ဆိုသည့်​အသံနှင့်​ ချစ်​စရာ​ကောင်းတဲ့ ပုတုတု ​ကောင်​မ​လေးတစ်​​ယောက်​​ပေါ်လာသည်​။

"​ဟေး မင်းကဘာလို့ ပုဆိန်​ကိုင်​ထားတာလဲ ငါ့ကိုသတ်​မလို့လား?"

"အာ မဟုတ်​ပါဘူး ကျွန်​မနာမည်​ကRUBYပါ Hostရဲ့ဆု​တောင်းကို ဖြည့်​စည်း​ပေးဖို့လာတာပါ"

"ငါဘာဆု​တောင်းလိုက်​လို့လဲ?"

"Hostပဲ မ​နေ့ညက ဆု​တောင်း​ပြည့်​​ရေကန်​မှာ 'ဘဝကပျင်း​စရာကြီး ​ပျော်​ရွှင်​ရန်​ခုန်​ဖွယ်​ စိတ်​လူပ်​ရှားစရာ မယုံနိုင်​ဖွယ်​ ဘဝနဲ့ ​နေချင်​တယ်​' ဆိုပြီးဆု​တောင်းခဲ့လို့ပါ"

"​သြော်​...အဲ့​တော့မင်းငါ့ကို ဘယ်​လိုလုပ်​မှာလဲ"

"Host ၁ က​နေ ၁၀ အထိ နံပါတ်​ တစ်​လုံး​ရွေး​ပေးပါ ကျတဲ့နံပါတ်​အတိုင်း တခြားကမ္ဘာကိုပို့​ပေးမှာပါ ပြီးရင်
လူတစ်​​ယောက်​ကိုယ်​ထဲဝင်​ရမှာပါ ပြီးရင်​ ထိုလူမ​သေခင်​က​ဖြစ်​ချင်​ခဲ့တဲ့ ဆန္ဒ ၃ခုကိုဖြည့်​စည်း​ပေးရပါမယ်​"

"Wait !! What? ဒါဆိုငါက ကပ်​ပါး​ကောင်​ဖြစ်​မှာလား?"

"မဟုတ်​ပါဘူး လူပါ"

"​တော်​ပြီ ​မေ့လိုက်​ပြီး​တော့ လာရာလမ်းအတိုင်းပြန်​လိုက်​​တော့ ဘာဆု​တောင်းမှမလိုချင်​​တော့ဘူး"

"ရုတ်​သိမ်းလို့မရ​တော့ပါဘူး God ကိုယ်​တိုင်​ ရှင့်​ကို​ရွေးခဲ့တာမလို့ပါ အကယ်​၍ ဆု​တောင်းကို ရုတ်​​သိမ်းလိုက်​ရင်​ Host အ​နေနဲ့ ပြန်​​ပေးဆပ်​ရမှာပါ ​ပေးဆပ်​ရမဲ့အရာက​တော့ Hostရဲ့အသက်​ပါပဲ"

"ချီးပဲ ဒါသက်​သက်​အနိုင်​ကျင့်​တာပဲ မင်း ငါ့ကိုသတ်​ဖို့လာတာပဲ"

"Hostအထင်​မှား​နေပါပြီ ​ပြောစရာကျန်​​နေပါ​သေးတယ်​ အကယ်​၍ Hostက အဲ့လူရဲ့ ဆန္ဒသုံးခုဖြည့်​​ပေးပြီးရင်​ Hostအ​နေ အကျိုးခံစားရမှာပဲ ကျရူံးခဲ့ရင်​​တော့​သေမှာပါ ကဲHost​ရေ နံပါတ်​​လေး​ရွေးလိုက်​ကျ​တော့မလား?"

"ငါ့အသက်​က ကစားစရာလား RUBY?​"

"Host တစ်​မိနစ်​ပဲကျန်​​ပါ​တော့တယ်​ တစ်​မိနစ်​အတွင်းမှ Host နံပါတ်​မ​ရွေးရင်​​သေမှာပါ"

"ဒီ​​သောက်​ကျိုးနည်းSystemက​တော့ ​သေမယ်​ပဲ​ပြော​နေ ​ကောင်းပြီ နံပါတ်​ 5 "

"Hostကျတဲ့ခန္ဓာက​တော့ စာဖိုမူး ​လေးပါ Hostကိုအဲ့ကိုယ်​ထဲ့ပို့​ပေး​နေပါပြီ Good Luck Host"

"​ဟေ့ ​နေအုံး​လေ ခဏ အား....."

D.O.သည်​စကားကိုဆုံး​အောင်​​တောင်​မ​ပြောလိုက်​ရ
ညှာတာမူကင်းမဲ့စွာဖြင့်​ပုံရိပ်​​ယောင်​ကမ္ဘာကိုအပို့ခံလိုက်​ရ​တော့သည်​။

Arc 1 - D.O. ဘဝ (Dika)

Arc 2 - Chen ဘဝ (XiuChen)

Arc 3 - Baekhyun ဘဝ (ChanBaek)

Arc 4 - Suho ဘဝ (SuLay)

Arc 5 - Luhan ဘဝ (HunHan)

Arc 6 - Tao ဘဝ (TaoRis)

Bonus Arc - Chanyeol ဘဝ (KrisYeol)

ဟဲ ဟဲ လုပ်​ချလိုက်​ပြန်​ပြီ 😛
အား​ပေးကြမယ်​မလား?

၂၁ရာစု​ကောင်​​လေးရဲ့ချစ်​​သောဘုရင်​ပြီးရင်​ Up​ပေးမှာပါ 😬

သေဆုံးသွား​သောအချစ်​ ကိုလဲဆက်​​ရေး​ပေးပါမယ်​😬

ပုံပါRUBY​လေးကို​တော့ ML ​ဆော့တဲ့သူတိုင်းသိကြမယ်​ထင်​ပါတယ်​ 😁

MLထဲကHero​လေးပါ 😂

You've reached the end of published parts.

⏰ Last updated: Nov 23, 2019 ⏰

Add this story to your Library to get notified about new parts!

SYSTEM RUBY Where stories live. Discover now