"""""""""""""
" မင်းက Krist ဆိုတာပေါ့....''
သူ့ရဲ့နာမည်ကိုခေါ်လိုက်သံကြောင့်
စားပွဲပေါ်လက်တင်ပြီး မှောက်အိပ်နေရာက ခေါင်းထောင်ကြည့်
လိုက်ရတယ်...တွေ့ပါပြီ....
သူမမြင်ချင်ဆုံး သူမ...
Phi Sing ရဲ့အရေးပေးခံရဆုံး မိန်းကလေး...အတန်းလစ်ပြီး စာကြည့်တိုက်ထဲ
လာအိပ်နေပါတယ် ဆိုမှ နတ်ဆိုးမနဲ့
လာတွေ့နေတယ်.."ဟုတ်ပါတယ်...Khun က...''
"တို့က Sing ရဲ့ သူငယ်ချင်း...ဒါနဲ့
ခုတလော Sing က မင်းကို လိုက်ပြီး
တွယ်ကပ်နေတယ်လို့ မင်းက သတင်း
လွင့်နေတယ်ဆို...''ချီမော့နေတဲ့ မျက်နှာအနေအထား နဲ့
အထက်စီးကပြောဟန်တွေက
19 နှစ်အရွယ် Krist သာဆို
မျက်နှာငယ်နေလောက်ပြီ...ဒါပေမယ့်....အခု Krist က အသက်သုံး
ဆယ်နားနီးနေပြီဖြစ်တဲ့ Krist လေ...
ပြီးတော့ သူမ ကို Phi Sing က
ဘယ်လောက်အရေးပေးပေး သူငယ်ချင်း
အဆင့်ထက်မပိုဘူးဆိုတာ
သူမြင်ခဲ့ရတာပဲ..." သတင်းလွှင့်စရာ မလိုဘူးထင်တာပါပဲ
Khun....လူတိုင်း မြင်နေတွေ့နေတာပဲ
လေ...''ဟုတ်သော်ရှိ မဟုတ်သော်ရှိ...
ဒီနတ်ဆိုးမ ကို အလျှော့တော့မပေးနိုင်
ပါဘူး..."အဟက်..မင်းကိုယ်မင်း အဟုတ်ကြီး
ထင်နေပုံပဲ...Sing က မင်းလိုငချွတ်လေး
ကိုကြိုက်မယ်ထင်နေလား...''"ကျွန်တော့ကိုလာမေးမယ့်အစား Phi
Sing ကိုသွားမေးသင့်တယ်...သူ
ကျွန်တော့ကို ကြိုက်လား မကြိုက်လား
သူအသိဆုံးပဲ ဖြစ်မှာပေါ့...''ဟက်...ဒီနတ်ဆိုးမက Perawat ကို
ဘာမှတ်လို့....ခင်ဗျားအကြောင်း A ကနေ Z အထိ
သိပြီးသား...."ဒီလို ရွံစရာကောင်နဲ့စကားပြောရတာ
ငါ့အဆင့်အတန်းကိုနှိမ့်ချလိုက်ကသလို
ပဲ....''လက်တစ်ဖက်ကခါးထောက်ကာ
ဟန်ပါပါပြောနေပုံက...."ဒီမှာ....ခင်ဗျားကို Phi Sing ကဘာလို့
မကြိုက်လဲ သိလား...ခင်ဗျားက အခွံကြီး
မို့လို့လေ..ကိုယ်ပိုင်အရည်အချင်းကျမရှိ
ပဲနဲ့...မိဘချမ်းသာတာနဲ့ပဲ လူတိုင်းကို
နှိမ့်ချဆက်ဆံတတ်လို့လေ.....''
YOU ARE READING
Rebirth for Love
FanfictionRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...