12(Unicode+Zawgyi)

4.8K 554 101
                                    


(Unicode)

ယနေ့ကား Sunday
ဒီနေ့နဲ့ဆိုJiminကို အိမ်ခေါ်ထားသည်မှာ
နှစ်ရက်ရှိလေပြီး ဒီတစ်ညလည်းJiminကိုအိမ်တွင်သာ အိပ်ခိုင်းကာ မနက်ရောက်လျှင် အိမ်ကနေဘဲ နှစ်ယောက်သားကျောင်းတူတူသွားရန်
Yoongiတွေးထားလေသည်။

စားပွဲပေါ်ကနာရီကို လှမ်းကြည့်လိုက်တော့
ခုနစ်နာရီအတိ။
မနက်စောစောထလေ့မရှိသော်ငြား
ရင်ခွင်ထဲက ကောင်လေးမှာ အရင်စောစောနိုးပြီး ပျောက်သွားမှာကို စိုးရိမ်တဲ့စိတ်တွေ တအားများသွားလို့ထင်ပါတယ်
အစောကြီးနိုးနိုးလာသည်မှာလည်း ငယ့်အားအိမ်စခေါ်လာသောနေ့ကတည်းပင်ဖြစ်၏။

ငုံ့ကြည့်လိုက်တော့ ကိုယ့်ရင်ခွင်ထဲမှာ ငြိမ်းချမ်းစွာ အိပ်ပျော်နေတဲ့ လူသား
မျက်နှာလေးကအရမ်းအပြစ်ကင်းစင်တာဘဲ။

မင်းက ကိုယ့်အတွက် ဘုရားသခင်လက်ဆောင်ထည့်ပေးလိုက်တဲ့ နတ်သားတစ်ပါးလို့ ယူဆရင်လည်း မမှားလောက်ဘူး။

မထူးလောက်ပါဘူးဆိုကာ သူ့ခေါင်းပေါ်မေးတင်လိုက်ကာ တစ်ဖန်အိပ်စက်ခြင်းကိုပြန်စတင်လိုက်သည်။

_____________________♥____________

တင်းကြပ်စွာ ဖက်တွယ်ထားမှုကြောင့်နိုးလာပြီးအပေါ်ကိုမော့ကြည့်မိတော့
သိပ်ချစ်ရတဲ့လူသားက အိပ်ပျော်လျက်သာ။

ဒီလူသားကို ပိုင်ဆိုင်နေပြီးဖြစ်သော်လည်း
အခုထိ မပျော်နိုင်သေး သူ့အပေါ်အပြစ်ရှိသလိုခံစားရနေတာက နာရီတိုင်း စက္ကန့်တိုင်း ။

ကျွန်တော့်ရဲ့ အတိတ်ကအရာတွေကို ခင်များ လက်ခံပေးနိုင်ပါ့မလားလို့ တွေးပူမိတယ် Yoongi






ခဏလောက်အိပ်မယ်ဆိုပြီး နိုးလာလို့ နာရီကြည့်လိုက်တော့ ကိုးနာရီပင်ထိုးတော့မည်။

ဘေးနားကိုကြည့်လိုက်တော့ ဘယ်သူမှရှိမနေ ဒီကောင်လေး ဘယ်ရောက်သွားတာလည်း!

ကမန်းကတန်းထကာ အိမ်အနှံ့လိုက်ရှာသော်လည်းမတွေ့သောကြောင့် Yoongi ခေါင်းခြောက်လာလေပြီး

ဆောင်းတွင်းဝင်စမို့ အပြင်တွင် အတော်ပင် အေးစိမ့်နေမှာ အသေအချာပင်
သူသာအပြင်မှာဆို အအေးမိပြီးတစ်ခုခုဖြစ်မှာ မလွဲမသွေ.

The One[M.Y.G×P.J.M]✔Where stories live. Discover now