" ငါ ပြောပြရတာရှက်ပေမဲ့.. "
လူနာဝတ်စုံနဲ့ ဂင်မင်ဆော့က သူ့သူငယ်ချင်းရဲ့ ရင်ဖွင့်စကားကို အလေးအနက် နားထောင်ပေးနေတယ်၊အထက်တန်းကျောင်းတုန်းက တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိတဲ့ သူငယ်ချင်းက အခုလို နီရဲနေတဲ့ မျက်ဝန်းတွေ၊အင်မတန်စိတ်ထိခိုက် နွမ်းလျနေဟန် ပုံသဏ္ဌာန်တွေနဲ့အတူယှဉ်တွဲ မြင်ရတာက တကယ့်ကို ရင်မအေးစရာပဲ၊
"မင်းလည်း သိပါတယ်၊ ငါ သူ့ကို အရမ်းကို မြတ်နိုးခဲ့တာ.. အတိုက်အခံတွေအားလုံးကြားမှာ သူ့ကိုလက်ထပ်ခဲ့တာ၊ သူ့ရဲ့ စိတ်ထိခိုက်လွယ်တဲ့ အခြေအနေတွေအားလုံးကို သိပြီးသား၊ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ရဲ့ ရန်လိုတဲ့ပုံစံက ငါ့ကို စိတ်ထိခိုက်လာစေတယ်၊
သူ့မိသားစုဘက်က အဆင်မပြေတာတွေရှိရင်၊ အလုပ်မှာ အခန့်မသင့်တာတွေရှိရင် ပွင့်ပွင့်လင်းလင်းအရှိအတိုင်း ထုတ်မပြဘူး၊ လောကကြီးကို အရွဲ့တိုက်ချင်ယောင်ဆောင်၊ခေါင်းမာတဲ့ပုံစံတွေထုတ်ပြတယ်၊ပြီးရင် သူစိတ်ပြေအောင် ငါ့ကို ဆဲဆိုတယ်၊မခံနိုင်အောင်ပြောတယ်၊ ငါလုပ်သမျှတိုင်း ငါ့ဝါဿနာတိုင်းကို လှောင်တယ်၊တခြားသူတွေနဲ့ ယိုးစွပ်တယ်၊ ငါ့မှာ ချစ်လွန်းအားကြီးတော့ သူ စိတ်ညစ်နေပါတယ်လေဆိုပြီး ပြန်မပြောရက်ဘူး ၊ ကြာတော့ ငါ.. ငါ ယုံကြည်မှုမဲ့လာတယ်၊ သူ့ကိုအပြစ်တင်ဖို့ နှုတ်က မထွက်တော့ ရင်ထဲမှာပြည့်သိပ်နာကျင်လာတယ်၊ တစ်ခါတစ်လေမှာ အသက်တောင် ကောင်းကောင်းမရှူနိုင်သလို ခံစားရတယ်၊
ဒီရက်ပိုင်းမှာ ပျော်တယ်၊၀မ်းနည်းတယ်၊စိတ်လှုပ်ရှားတယ်၊ အဲ့ဒီ့စိတ်အပြောင်းအလဲတွေကို ငါ ဘယ်တုန်းကမှ မကြုံခဲ့ရဖူးသလိုပဲ၊အမှန်တိုင်းပြောရရင် ငါ သူနဲ့ အတူနေရတာကို စိတ်ပျက်နေပြီ၊ ဒီစကားမျိုးမပြောဝံ့ပေမဲ့ တစ်ခါတစ်လေမှာလေ.. ငါ သူ့ကို လုံးဝပျောက်ကွယ်သွားအောင် သတ်ပစ်လိုက်ချင်တော့တာပဲ၊
" အဲ့နည်းလမ်းကိုသာ လုပ်လိုက်မယ်ဆိုရင် ငါ့ခန္ဓာကိုယ်က နာကျင်မှုတွေ သက်သာသွားမယ်လို့ အယောင်ယောင်အမှားမှားဖြစ်မိတယ်၊ ဒီ့ထက်ပိုပြီး ငါ.. သည်း..မခံနိုင်..တော့ဘူး "
![](https://img.wattpad.com/cover/98135684-288-k202339.jpg)
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...