Zawgyi;
Xingho *Yaoi*
“ဘုန်း” ခနဲ မြည်သံနဲ့အတူ ဘေးကို ကျလာတဲ့ အရာတစ်ခုကြောင့် အိပ်ငိုက်ချင်နေတဲ့ မျက်လုံးတွေကို အသာဖွင့်ကာ ဘေးကို တစ်ချက်ရှိုးတော့ မူလတန်းကလေး ကိုင်သလို သိုးပုံနဲ့ ကျောပိုးအိတ်တစ်လုံး…။
ဘာလား… ဘယ်သူနဲ့မှ အတူမထိုင်ချင်လို့ အတန်းထောင့် ပြတင်းပေါက်နားက ခုံမှာ တစ်ယောက်တည်း လာထိုင်တာကို…။ ဘေးထိုင်ခုံမှာ နေရာဦးသလို ချထားတဲ့ သူ့လွယ်အိတ်ခရမ်းရောင်လေးမှာ ဆွဲမခံလိုက်ရပြီး သူ့ရှေ့က စားပွဲခုံပေါ် ရောက်လာသည်။ စိတ်ကနည်းနည်း ဒေါသထွက်ချင်သွားတာမို့ ခေါင်းကို မော့ကြည့်တော့ အင်… ဘာလား…။
ဘေးကလူက မျက်လုံးတွေမှ ပါရဲ့လား… မျက်လုံးတစ်စက်မှ မပွင့်ဘဲ ထိုင်ခုံမှာ အင့်ခနဲ ထိုင်ချလိုက်တာမို့ ကျသွားတဲ့ အရှိန်ကို တွေးကြည့်ပြီး သူပင် ဖင်လေး ကျိန်းသွားကာ လျှာလေး မသိမသာ ကိုက်မိပြီး ဇက်ကလေး ပုသွားလေသည်။
ခုနက အိပ်ငိုက်နေတာလေးတောင် လွင့်သွားသလိုလို…။
“ဟိတ်… ဟိတ်… ဟေ့လူ…”
သူခေါ်နေတာကို အရေးမစိုက်ဘဲ ရှေ့တည့်တည့်ကိုသာ မျက်လုံးကြီး မှေးစင်းပြီး လက်ပိုက်ကြည့်နေတဲ့လူ…။ ဒါလူကို သက်သက်ရန်စတာ မဟုတ်ဘူးလား…။
အရေးမစိုက်တဲ့ သဘောပေါ့… ဟက်ခ်… ငါ့ကို ဘာမှတ်လို့လဲ…။ Kim Jun Myeon တဲ့ တစ် Myeon တည်း ရှိတယ်… နှစ် Myeon ရှိရင် ယုန်ကင်လုပ်ပစ်မယ်… ဟွန်း…။
နဖူးကပေါ်က ဝေ့ကျနေတဲ့ အညိုရောင် ဆံပင်ပျော့ပျော့ကို ဖူးခနဲ လေနဲ့ ပင့်မှုတ်ထုတ်လိုက်ကာ
“ဒီမှာ… ဟိုလူ… ခင်ဗျားကို ခေါ်နေတာ… ဟိတ်…”
အင်… တစ်ခုခုတော့ လွဲနေတယ်ထင်တယ်…။ နည်းနည်းတောင် မလှုပ်ဘူး… မဟုတ်မှ…. သေသွားတာတော့ မဟုတ်ပါဘူးနော်… အီးဟီး… ငါ့ဘေးမှာ လာသေတာဆိုရင်… အိစ် Jun Myeon လေး သရဲ ကြောက်တယ်လို့…။
(ခုနက ကျိန်းဝါးနေတာ ဘယ်ယုန်ပါလိမ့် အဟမ်း…)
ဘေးက လှုပ်တောင် မလှုပ်တဲ့ လူကို ကြည့်ကာ တစ်ယောက်တည်း မျက်နှာ အမူအယာမျိုးမျိုးဖြစ်နေတဲ့ ကောင်လေးက သိပ်အသည်းယားဖို့ကောင်းလွန်းနေတာ ဆိုတာ… အရမ်း…။
YOU ARE READING
Beautiful Day {Xingho one shot}
FanfictionPreview>>> *-*မင်းအနားမှာ ရှိနေတဲ့နေ့ရက်တိုင်းက ငါ့အတွက် လှပတယ်*-*