Unicode version
အတန်းထဲမှာဆရာမ မလာသေးတော့
"မြတ်နိုး နင်ဘာဖြစ်နေတာလဲ သူငယ်ချင်း နင်နေမကောင်းဘူးလားဟင် canteenမှာလဲ နင်သိပ်စားခဲ့တာမဟုတ်ဘူး ဘာဖြစ်နေလို့လဲဟင် မြတ်နိုး"
တကယ်တော့မြတ်နိုးကိုယ်တိုင်ပင်သူ့ကိုသူစိတ်ထဲမှာဘာဖြစ်နေလဲမသိရှာဘူး
"ငါဘာမှမဖြစ်ပါဘူးရတီရယ် ငါနေကောင်းပါတယ် ဒါပေမယ့်ဒီေန့စိတ်ထဲမှာဘယ်လိုကြီးဖြစ်နေမှန်းငါမသိဘူး အာ့ကြောင့်ပါဟာ"
"Aww နေတယ်ဆိုရင်ငါ့ကို့ပြောပြလို့ရရင်ပြောပြပါဟယ် သူငယ်ချင်းတေပဲ ရင်ဖွင့်ရမှာပေါ့ တစ်ယာက်ထဲကြိတ်ခံစားနေလို့မှမဖြစ်တာ မဟုတ်ဘူးလား"
"အေးပါ ခုဟာကဘယ်လိုပြောရမလဲဆိုတာကိုမသိလို့ပါနော် ရတီ"
"အေးပါ ဒါနဲ့နင်ခုလိုပုံစံနဲ့စာသင်လို့ရောဖြစ်ပါ့မလားဟင် မြတ်နိုး"
"ဟင့်အင်း မဖြစ်ဘူးထင်တယ်စိတ်လည်းမပါဘူးဖြစ်နေတယ်"
"ကဲ အာ့ဆိုလည်းထ အပြင်သွားပြီးရုပ်ရှင်သွားကြည့်ကြမယ်လာ"
ရတီမြတ်နိုးကိုလက်လှမ်းပေးလိုက်ပြီးမြတ်နိုးလည်းရတီလက်ကိုတွဲပြီးသွားဖို့သဘောတူလိုက်တယ်
အောင်သူတို့လည်းအတန်းတက်ကြပြီးအတန်းချိန်အပြီးမြတ်နိုးတို့အတန်းဘက်ကိုလာပြီးမုန့်စားဖို့သွားခေါ်ကြတယ်"ဟေ့ေရာင်ရေ မြတ်နိုးနဲ့ရတီကိုအတန်းထဲမှာမတွေ့ဘူးကွ"
"ဟင် ဟုတ်လား"
သူရစဉ်းစားနေသည် မနက်ကမူရာကြောင့်သူတို့ကိုစိတ်ဆိုးသွားပြီလားပေါ့ ဒါနဲ့သူစိတ်ထဲမှာမနေ့တနေ့ကမှရင်းနှီးသွားတဲ့ကောင်မလေးတစ်ယောက်ကိုသူဘာကြောင့်ခုလိုတေတွေးပေးနေရတာလဲပေါ့
"သူရ မင်းဖုန်းဆက်ကြည့်ပါ့လား မြတ်နိုးဆီကို"
"Omm""မြတ်နိုးဘယ်ခုံမှာထိုင်မလဲ ဒီခုံလောက်ဆိုမဆိုးဘူးနော်"
"Omm အဆင်ပြေတယ်အဲ့မှာပဲကြည့်မယ် ဝယ်လိုက်တော့ရတီ"
Ring....ring....
မြတ်နိုးဖုန်းလာနေတာကိုကြည့်လိုက်တော့ပေါ်လာတဲ့နာမည်ကကိုသူရတဲ့
"ရတီရေ ကိုသူရကငါ့ကိုဖုန်းဆက်နေတယ်ဟဲ့ ကိုင်လိုက်ရမလား"
"အေး ကိုင်လိုက်လေ သူကဘာပြောမလို့လဲမှမသိတာ"
"Hello မြတ်နိုးလား"
"Omm ကိုသူရပြော"
"မြတ်နိုးတို့အခုဘယ်မှာလဲ အတန်းထဲလဲမရှိဘူး ဘယ်ရောက်နေတာလဲကွာ"
"မြတ်နိုးတို့အတန်းမတက်ဖြစ်ဘူးဒီနေ့အပြင်မှာရုပ်ရှင်ကြည့်မလို့"
"ဘယ်ရုပ်ရှင်ရုံလဲ အကိုတို့လာခဲ့မယ်"
"Sorry ပါ ကိုသူရရယ် မြတ်နိုးဒီနေ့တစ်ယောက်တည်းနေချင်လို့ပါနော်"🥺
"အကိုဘာအမှားလုပ်မိလို့လဲ မြတ်နိုး"
"အကိုဘာမှမမှားပါဘူးမြတ်နိုးဘာသာဒီတိုင်းနေချင်လို့ပါနော်"
"တကယ်နော်မြတ်နိုး အကို့ကြောင့်မဟုတ်တာ"
"ဟုတ်ပါတယ်ဆို ကိုသူရကလည်း ဒါပဲနော်"
"Omm"
သူရတစ်ေယာက်သူ့ကိုစိတ်ဆိုးတာမဟုတ်မှန်းသိတော့မျက်နှာကြီးကိုပြုံးလို့
မြတ်နိုးလည်းသူ့ကိုဖုန်းဆက်ပြီးဂရုတစိုက်မေးတဲ့အတွက်ကျေနပ်နေတယ်
မြတ်နိုးတို့ဇာတ်ကားကြည့်ပြီးအိမ်ပြန်ကြတယ်
သူရလည်းအတန်းတက်ပြီးအိမ်ပြန်ကြတယ်