အပိုင်း(၆၄)ကံဆိုးတဲ့ ကြယ်ပွင့်လေးက ဒီမှာကျန်းရီသည် လာရောက်၍ ကူညီချင်သော အစေခံမိန်းကလေးကို တားလိုက်ပြီး ကျီထင်ယွီအတွက် ကိုယ်တိုင် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ သူသည် သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ထိပ်ဆုံးဆယ်နေရာကို ရောက်အောင် မလုပ်ရဘူး?...ဒါက ဘယ်လို အဓိပ္ပါယ်လဲ?...အမ်?...ကျွန်တော် မိန်းကလေးကျီကို နောက်ပြောင်မိသွားတယ်ထင်တယ်...တကယ်တော့...ဒီသွေးရှင်းတမ်းကို ကျွန်တော်သေချာ နားမလည်သေးဘူး''
ကျီထင်ယွီ လာရောက်ရခြင်း ရည်ရွယ်ချက်က ကျန်းရီကို အကြံပေး၍ ရင်းနှီးမှုတစ်ခု တည်ဆောက်ရန် ဖြစ်သည်။ ကျန်းရီတွင် လျှို့ဝှက်ချက် များစွာရှိ၍ ထူးခြားသည်။ သူကဲ့သို့ မိတ်ဆွေတစ်ယောက်ရခြင်းသည် ကျီဂိုဏ်းအတွက် အကျိုးရှိပေသည်။
ကျန်းရီသည် သူမကို ဖြူစင်စွာ မေးမြန်းလာသည့်အခါ သူမသည် မတ်တပ်ရပ်၍ ထွက်မသွားနိုင်တော့ပေ။ သူမသည် စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
"ဒီဝိဥာဉ်သားရဲ သင်တန်းကျောင်းက နယ်မြေကြီး ခြောက်ခုကနေ ကျောင်းသားလောင်း ၃၀၀လောက်ကို စုစည်းလေ့ရှိတယ်...လူသစ်လက်ခံပွဲ ကျင်းပတဲ့နေရာက ကျပန်းဖြစ်ပေမယ့်လို့ လူသစ်လက်ခံပွဲ အများစုက ရှန်ဝူနိုင်ငံတော်နဲ့ ရှားနိုင်ငံတော်မှာ ကျင်းပလေ့ရှိတယ်...''
"ဒါပေမယ့် လက်ခံမယ့်အရေအတွက်က အရမ်းနည်းလွန်းတယ်...ဒါကြောင့် နှစ်စဉ် လူသစ်လက်ခံပွဲပြီးရင် သွေးရှင်းတမ်းကို ကျင်းပပေးတာပဲ....သွေးရှင်းတမ်းက ဘယ်နေရာက သိုင်းပညာရှင်မဆို အသက်ဆယ့်ရှစ်နှစ်အောက်နဲ့ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း တတိယအဆင့်ကနေစပြီး စာရင်းပေးနိုင်တယ်...ဒါပေမယ့် လက်ခံမယ့် ကျောင်းသားလောင်းတွေက အယောက်ငါးဆယ်ပဲ!"
ကျန်းရီသည် ခေါင်းငြိမ့်လိုက်သည်...
"ဒါဆိုရင် သွေးရှင်းတမ်းမှာ ပါမယ့် ပျမ်းမျှ ပြိုင်ပွဲဝင်အရေအတွက်က ဘယ်လောက်လဲ?''
ကျီထင်ယွီသည် ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းရမ်းလိုက်သည်။
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Actionကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...