အပိုင်း(၆၆)နတ်ဆိုးပညာ

518 78 0
                                    


အပိုင်း(၆၆)နတ်ဆိုးပညာ

ဝိဥာဉ်သားရဲတောင်သည် အတော်လေး ကျယ်ပြန့်ပေသည်။ တောင်သည် မြောက်ဘက်မှ တောင်ဘက်သို့ ထူးဆန်းစွာ မတ်စောက်သွားလေသည်။ ကျန်းရီသာ မြောက်ဘက်မှ တောင်ဘက်သို့ တောင်ကို တက်မည် ဆိုလျှင် ခက်ခဲပေလိမ့်မည်။ အရှေ့ဘက်နှင့် အနောက်ဘက်သည် မြေပြန့်များဖြစ်ပြီး တောင်ထွတ်များ၊ သစ်တောများ၊ ကျောက်ဆောင်များနှင့် ပြည့်နေသည်။ သို့သော် ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲအတွင်း လမ်းပျောက်မသွားနိုင်ပေ။ သူတို့သည် အမြင့်ဆုံးတောင်ထွတ်ကို မှတ်သားထားနိုင်သရွေ့ အဆင်ပြေမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမြင့်ဆုံးတောင်ထွတ်တွင် ဝိဥာဉ်သားရဲ သင်တန်းကျောင်း တည်ရှိနေသောကြောင့် ဖြစ်သည်။

ဒါတွေက နတ်ဆိုးသားရဲတွေလား?...သားရိုင်းတွေနဲ့လည်း သိပ်မကွာပါဘူး!

လက်ရှိတွင် ကျန်းရီသည် သစ်ပင်ကြီး တစ်ပင်ပေါ်တွင် လှဲလျောင်းကာ နတ်ဆိုးသားရဲလေးကောင်ကို သိုင်းပညာရှင် ခြောက်ဦးဝန်းရံထားသည်ကို လေ့လာစူးစမ်းနေခဲ့သည်။ ထိုနတ်ဆိုးသားရဲ လေးကောင်သည် တောဝက်ရိုင်းများကဲ့သို့ အစွယ်နှစ်ချောင်းရှိပြီး ထူးခြားသည်မှာ ကျောပေါ်ရှိ ဆူးချွန်များ ဖြစ်သည်။

ကျန်းရီ၏ အမြင်တွင် ထိုတောဝက်ရိုင်းများသည် နတ်ဆိုးသားရဲများ၏ ကောလဟာလများအတိုင်း မကြမ်းတမ်းဟု ထင်သည်။ သူတို့သည် ရန်သူများကို အစွယ်နှင့် ဆူးချွန်များ သုံး၍သာ သည်းကြီးမည်းကြီး တိုက်ခိုက်နေခဲ့သည်။ သားရဲကောင်တို့၏ အမြန်နှုန်းသည် သဏ္ဍာန်သုံးဆင့်အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ရှိသူနှင့် တူလောက်သော်လည်း လူငယ်အုပ်စုသည် အလွယ်တကူ ရှောင်တိမ်းနိုင်ပြီး ပြန်လည်တိုက်ခိုက်နိုင်နေကြသည်။ ထိုသားရိုင်းများမှာ အရေပြားထူနေသောကြောင့်သာ မဟုတ်လျှင် အသတ်ခံနေရလောက်သည်မှာ ကြာပြီ ဖြစ်သည်။

"ဘာလို့ သူတို့ခြောက်ယောက်က ဒီသားရဲကောင်တွေကို အသေမသတ်တာလဲ?...သူတို့ထဲက တစ်ယောက်ဆိုရင် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်မှာ မဟုတ်ဘူးလား?...ဘာလို့ တိုက်ပွဲကို မြန်မြန်အဆုံးမသတ်လိုက်တာလဲ?''

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now