part-10

4.8K 321 6
                                    

Unicode

"ဘာဖြစ်တာတုန်း အာကာရ"

"ရေးရေး ကိုသာ မေးကြည့်တော့"

မျက်နှာလေးဆူပုတ်ကာ ကျေနပ်ခြင်းမရှိသည့် အကာမင်းယံ က ဘေးမှာထိုင်နေသည့် ရေးရေးကို မေးငေါ့ပြ၏။ ရေးရေး
မျက်နှာလေးကတော့ ညိုးငယ်နေကာ ခုပဲထငိုတော့
မယောင် ရှိနေပါသည်။

"ရေးရေး ပြော နင်တို့ဘာဖြစ်နေကြတာလဲ"

"ကိုရှိန်လေ ငါ့ကို သူ့သူငယ်ချင်းနဲ့ ဇွတ်သဘောတူနေတယ်၊
ကိုဇောင်းမာန်ကြီးကလည်း ကိုရှိန်းအားကိုးနဲ့ ငါ့ကို အတင်း
လိုက်ကပ်နေတယ်"

"သေတော့မယ် ဒီကောင်တော့"

ရှေးက ဇောင်းမာန်ကို နဲနဲမှ ကြည့်မရသည့်မို့ စားပွဲခုံအား
လက်သီးနှင့်ထုကာ ကြုံးဝါးလိုက်၏။

"အဲ့တော့ မင်းတို့ ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ"

ဦးချစ် မေးတော့ အာကာမင်းယံ က သက်ပြင်းလေးချ၏။

"ငါရေးရေးနဲ့ မခွဲနိုင်ဘူး၊ အစကတော့ မင်းတို့လိုခိုးပြေးဖို့
စိတ်ကူးသေးတယ်။ ဒါပေမယ့် ရေးရေးက မိန်းကလေး
လေကွာ ငါသူ့ကိုခိုးပြေးရင် သူ့ဂုဏ်သိက္ခာကို မငဲ့ကွက်
သလိုဖြစ်မှာပေါ့၊ ပြီးတော့ အခုချိန် သူနဲ့ငါ ယူလိုက်ရင်လည်း
ဘာမှ မလုပ်တတ်မကိုင်တတ်နဲ့ နှစ်ယောက်လုံး
ဒုက္ခ ရောက်ကုန်ကြလိမ့်မယ်"

ရေးရေးက အကာမင်းယံ စကားကြောင့် မျက်ရည်လေး
ဝိုင်းနေရှာပါပြီ။

"ငါ အိမ်မှာလည်း မနေချင်ဘူး စိတ်ညစ်တယ် ဖေဖေနဲ့
မေမေက အလုပ်မအားတော့ ကိုရှိန်းက ငါ့ကို နိုင်ချင်တိုင်း
နိုင်နေတာ"

"ဒီလိုလုပ်လေ ငါနဲ့ classလိုက်တတ် အဲ့မှာပဲ
နေကြမယ်လေ ။ သူတို့အဲ့ထိတော့ လိုက်မနှောင့်ယှက်လောက် ပါဘူး"

ဦးချစ်က သူနှင့် အတန်းတူတူတတ်ဖို့ မဲဆွယ်စည်းရုံးတော့
နှစ်ယောက် သားက နစ်ခါပြောစရာမလို ခေါင်းညိမ့်ကြ၏။

"ငါတော့ မင်းနဲ့လိုက်တတ်ချင်တယ် ရေးရေး ငါတို့
တတ်ရအောင်လေနော်.."

"အင်... ဖေဖေတို့ကို ပြောပြီး ရအောင်တတ်မယ်"

သို့နှင့် သူငယ်ချင်းလေးယောက် coffee ဆိုင်တွင်
အတူတူထိုင်၍ ဆွေးနွေးခြင်းပြီးဆုံးသွားလေသည်။
ရှေ့ဆက်ရမယ့် ဆူးခင်းလမ်းတွေ အတွက်
ဘာတွေပဲ ဖြစ်လာဖြစ်လာကျွန်တော်တို့ အတူတူရင်ဆိုင်
ဖြေရှင်း သွားကြရမည် မဟုတ်ပါလား။

Before Fiction (Completed) Where stories live. Discover now