"ကျွန်တော်တို့ လမ်းခွဲကြရအောင်"
ခုတလောသွေးအေးနေတဲ့မောင်က စပြီးတွေ့ရအောင်ဆိုလို့ ပျော်နေတဲ့အပျော်တွေကို ဖျက်စီးလိုက်တဲ့ စကားလေး
"ဟင် မောင် ဘ.. ဘလိုပြောလိုက်တာလဲ... Min ကို စနေတာလားဟင်"
"ကျွန်တော်ပုံစံက စတဲ့ပုံစံပေါက်နေလို့လား"
"ဟင့်အင်း... မလုပ်ပါနဲ့မောင်ရယ်... Min တောင်းပန်ပါတယ်နော် Min လေ မောင် မရှိရင်မဖြစ်လို့ပါ"
"ကျွတ်စ်... ကျွန်တော်ခင်ဗျားကိုစိတ်ပျက်တာ အဲ့ဒါတွေပဲ
သိပ်တွယ်ကပ်လွန်းတယ် ""မောင်ရယ် တချက်လောက်ပြန်စဉ်းစားပေးပါလား ဟင်
Min တို့ချစ်ခဲ့ကြတယ်လေ ၂နှစ်တောင်... ၂နှစ်တောင်ပြည့်တော့မယ်လေ မောင်ရယ်"Min သွေးပျက်စွာပြောလေတော့
"ကျွန်တော်လည်း ချစ်ခဲ့တယ်ထင်တာ ပါပဲ ဒါမဲ့ ခင်များရဲ့တွယ်ကပ်လွန်းတာတွေကိုကြာတော့စိတ်ကုန်လာပြီ အနှောင်အဖွဲ့တွေ နဲ့မနေချင်တော့ဖူး ဗျာ လမ်းခွဲပေးပါတော့"
အို.. မောင်ရယ်ပြောထွက်လိုက်တာ... ချစ်ခဲ့တယ်ထင်တာပါပဲတဲ့... Minဖက်ကပဲမောင့်ကိုသိပ်ချစ်လွန်းခဲ့ရတာပေါ့
Min နှလုံးသားလေးသိပ်ပင်ပန်းနေပါပြီ.
မင် ချစ်ပေးခဲ့ရတာတွေက မောင့်အတွက်ဝန်ထုပ်ဝန်ပိုးတွေဖြစ်နေခဲ့တာပေါ့
ဒါတွေကို မသိလောက်အောင် Min တုံးအ ခဲ့တာပဲ"Minကို စဉ်းစား ခွင့်လေးပေးပါမောင်"
"၅ ရက်"
Min မောင့်ကိုမော့ကြည့်လိုက်တယ်
"၅ရက် အချိန်ပေးမယ်. ပြီးရင်တော့ ကျွန်တော်ပြောထားတဲ့အတိုင်းပဲဖြစ်ချင်တယ် ကျွန်တော်သွားတော့မယ်"
ထွက်ခွာသွားတဲ့မောင့်ကျောပြင်ကို မျက်ရည်တွေကြားက Min ငေးကြည့်နေခဲ့မိတယ်
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛
"ဟာ..Jimin ပြန်လာပြီလား လာ pizza စားရအောင်ငါတို့မင်းကိုစောင့်နေတာ"
Taehyung တို့ခေါ်နေတာကို ခေါင်းအသာယမ်းပြကာ
အိပ်ခန်းထဲသို့ဝင်သွားသော jimin