"သက္ကဖိုးနောင်" ဟုအမည်တွင်သော ထိုအနှီလူသားကို ဒီနေရာမှာ မသိသောသူလူဟူ၍ မရှိ။
ကလေးအစ ခွေးအဆုံး အကုန်သိ၏။
အကြောင်းမူကား သက္ကသည် ထိုအရပ်ဒေသတွင် အားကိုးအားထားပြုနိုင်သော၊ လူတိုင်းက ချစ်ရပါသော ၂၃ နှစ်အရွယ် ကောင််ငယ်လေးဖြစ်သောကြောင့်ပင်။သက္က၏ အသားအရည်သည် ဖြူသည်ဘက်သွားသည်လည်းမဟုတ် ညိုသည်လည်းမဟုတ်သော အသားအရောင်ပင်။
- ယောက်ျားဆန်ဆန်နှင့် ပြတ်သားနေသော နှုတ်ခမ်းပါ:
- ယောက်ျားဆန်ဆန်နှင့် ထူထဲသော မျက်ခုံး
- ပြုံးရယ်လိုက်လျှင် မဟေသီတို့ကို ညို့နိုင်စွမ်းအားကောင်းပါသော ပါးချိုင့်
- အသံဩဩရှရှတို့က သက္ကကို မြင်မိသူတိုင်း သဘောကျ မနောကျလျက် မျက်နှာမြင်ချစ်ခင်ပါစေဆိုသည့်ဆုနှင့် ပြည့်စုံစေသော လုလင်ပျိုတစ်ဦးပင်ကြည့်ကောင်းသော ရုပ်ရည်၊ ဆွဲဆောင်နိုင်လွန်းသော အရပ်အမောင်း၊ စွဲမက်ဖွယ် ခန္ဓာကိုယ်တို့က အပျိုဖြန်းလေးများကို လွန်စွာဆွဲဆောင်သောကြောင့် သက္ကဆိုသည်နှင့် သည်းသည်းလှုပ်နေကြပေသည်။
သက္ကမှာ အဆင်းပင်ပြည့်စုံသည်မဟုတ်။ အချင်းလည်း ပြီးပြည့်စုံသော ယောက်ျားမြတ်တစ်ဦးဖြစ်သည်။
အိမ်နီးနားချင်းများကို အများသူငါ ခွဲခြားမှုမရှိဘဲ ကူညီနိုင်တာရှိလျှင် ငြီးငြူမှုမရှိဘဲ စိတ်အားထက်သန်စွာ ကူညီတတ်သောကြောင့် လူကြီးများ၏ ချစ်ခင်မှုကိုလည်း မတောင်းဆိုဘဲ ရနေသော လူသားပင်တည်း။
သက္ကတွင် မိဘဟူ၍မရှိ။ ဆွေမျိုးသားချင်းဟူ၍လည်းမရှိ။ တစ်ကောင်ကြွက်ထီးထီးပင်။
သို့သော် မိဘများကထားခဲ့သော အိမ်၊ ခြံ၊ မြေ၊ ဥစ္စာ စည်းစိမ်ဟူသမျှတို့သည် တစ်သက်တာမျှ စားမကုန်။ သို့သော် ထိုလူသည် ပေးကမ်းခြင်းနှင့် ရောင့်ရဲခြင်းဟူသောနှလုံးကို အမြဲလက်ဆုပ်လက်ကိုင်ထား၏။
******
"အရီးတင်" ဟူသည် သက္က၏ မွေးမိခင်မဟုတ်သော်လည်း ကျွေးမိခင်ပင်ဖြစ်လေသည်။ သက္က၏ မိဘ ၂ပါး မကွယ်လွန်မီ သက္ကဖိုးနောင်နှင့်အတူ စည်းစိမ်ဥစ္စာများကို ဒေါ်လေးတင်လက်ထဲသို့ စိတ်ချယုံကြည်စွာ ထားခဲ့လေ၏။
ကျွေးမိခင်ဟူသည့် ကျေးဇူးရှိသော အရီးတင်တွင် ၎င်း၏ ချစ်လှရပါသော သားတစ်ယောက်ရှိလေသည်။
*****"ခေတ်ရိပ်ငြိမ်" ဟူသည် အရီးတင်၏ တစ်ဦးတည်းသောသား။
"မယ်တင် မယ်တင်" နှင့် နေ့ရှိသရွေ့ အမယ့်အနားသို့ ကပ်ကာ ချွဲနွဲ့နေတတ်သော ကောင်ငယ်လေး။သို့သော် မယ်တင်၏ မွေးစားသား "သက္က" နှင့်တော့ ကြောင်နှင့်ကြွက်လို့ မည်သည့်အခါမှ တည့်မည်မဟုတ်။
သို့သော် ... အမြဲတမ်းနီးပါး အတူတူရှိလာခဲ့ကြတော့ အရေးကြီးလျှင် သွေးနီးပါ၏။
******
ကျွန်တော် ယခုနှစ် မူလတန်းလွန်၍ အလယ်တန်းစီနီယာဖြစ်ပြီး သက္ကကတော့ အထက်တန်း၏ ဂျူနီယာဖြစ်သည်။
၁နှစ်ခွဲ ၂နှစ်နီးပါးသာ အသက်ကွာခြားသော သက္ကသည် ဘာကြောင့်များ ကျွန်တော့်ထက် အရပ် ၂လက်မကျော် ပိုရှည်နေပါသနည်း။ ကျွန်တော့်ထက် အသက်ကြီးသည်၊ အရပ်ရှည်သည်ဆိုသော အကြောင်းပြချက်ဖြင့် ကျွန်တော့်ကို ကလေးငယ်လို ယုယလွန်းသည်။ တစ်ခါတရံ လိုက်လံစနောက်တတ်သည်။ တစ်ခါတလေ စိတ်မချ၍ဟူသော အကြောင်းပြချက်ဖြင့် ကျောင်းခန်းထဲထိ လိုက်လံပို့ဆောင်တတ်သည်။ထိုအချိန်တိုင်း သက္ကထက် စောမမွေးခဲ့သော မွေးသမိခင်ကျေးဇူးရှင်ကိုသာ အပြစ်ဖို့မိသည်။
အမယ့်အား အပြစ်ဆိုသော်လဲ ကျွန်တော်ကိုယ်တိုင်သည်ပင်လျှင် သက္က၏ ဂရုစိုက်မှုများ၌ နေသားတကျဖြစ်လျက် သူမရှိပင်လျှင် ကျွန်တော့်အတွက် မလွယ်ကူ။ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ထိုမေတ္တာဓာတ်တို့ကို အားပါတရသုံးဆောင်နေပြီပင် ထင်သည်။
*****
တစ်ခါတရံ သံယောဇဉ်ဆိုသည်
မသိလိုက်သောအချိန်တွင်ပင်
ကျွန်တော့်အား ရစ်ပတ်နှောင်တွယ်ခဲ့လေသည်။- ခေတ်ရိပ်ငြိမ်
CZYTASZ
ချစ်ခြင်းဖြင့် အပ်နှင်းသော သဝဏ်လွှာ
Fanfictionအချစ်ဆိုတာဘာလဲ။ - သက္ကဖိုးနောင် အချစ်ဆိုတာ ပေးဆပ်ခြင်းပဲ။ - ခေတ်ရိပ်ငြိမ်