Part 40 ( ဇတ်သိမ်းပိုင်း )
Yibo ထိုလူကိုကြည့်နေတာကြာပြီ ။တစ်နေ့ကုန် အလုပ်နဲ့လက်နဲ့မပြတ်သလို Maskနဲ့အဲ့မျက်မှန်ကိုလည်း လုံးဝမချွတ်ဘူး။ အသံကလည်းသြသြကြီး
ဒီလူရိိုးရောရိုးသားရဲ့လား ငါကနာမည်ကြီးမှန်းလည်းသိနေတယ် ငါဆီကလိုချင်တာများရှီနေမလား
လိုချင်တာယူတာထက် ငါ့ကိုသူ တစ်ခုခုလုပ်မှဖြင့် ဒုက္ခပဲ📝ခင်ဗျားပြန်တော့
Yiboစာရေးပြီး ထိုလူကိုသွားပြလိုက်သည်။
"ကျွန်တော့်စားပွဲပေါ်မှာညစာပြင်လိုက်အုန်းမယ် "
ထိုလူညစာပြင်ပြီးတော့ ကျွန်တော်ရှေ့ပြန်
ရောက်လာသည်။"ပြင်ပြီးပြီ ထမင်းစားတော့လေ
စားပြီးရင်ကျွန်တော့်ပန်းကန်ဆေးသိမ်းဆည်းပြီး
ပြန်ပါမယ် "📝မလိုဘူး ခင်ဗျားပြန်တော့ "
" အဲ့ဒါဆိုလည်းကောင်းပါပြီ "
ထိုလူပြန်သွားတာနဲ့ Yibo တံခါးကိုလုံခြုံအောင်ပိတ်လိုက်သည်။ သူတစ်ယောက်တည်းတစ်ခါမှမနေဖူးတော့ ကြောက်စိတ်ဝင်မိသည်။ ဒါပေမဲ့သူ့အားတင်းပြီနေရမည်။ နောက်လည်းသူတစ်ယောက်တည်းအမြဲတမ်းနေရတော့မှာပဲ
💒💒💒
ထိုလူအိမ်မှာအလုပ်လုပ်တာ သုံးရက်ရှီပြီ ဘာပြဿနာမှ မရှီခဲ့ဘူး ထိုလူကလူကောင်းလား
"အဆိုတော်ကြီး ညစာရပြီ "
ရိပေါ်တွေးနေရင်း ထိုလူအသံကြောင့်
အသိပြန်ဝင်ကာ📝 ခင်ဗျားလည်းလာစားလေ
" ဗျာ! "
.📝ကျွန်တော့်တစ်ယောက်တည်းစားရမှာပျင်းလို့ပါ
" အဲ့ဒါဆို ကျွန်တော့်အဖော်အဖြစ်
လိုက်ထိုင်ပေးပါမယ် "📝ခင်ဗျား Maskချွတ်ပြီး ထမင်းလာစားပါ
" ကျွန်တော့်မျက်နှာကို အဆိုတော်ကြီးမြင်ရင်
လန့်သွားလိမ့်မယ် "📝ဘာဖြစ်လို့လဲ ခင်ဗျားက ရုပ်တော်တော်ဆိုးလို့လား
"ညစာနောက်ကျတော့မယ်
ထမင်းစားခန်းထဲကို သွားရအောင် "