(Unicode)
"ရှေးဆိုရိုးတောင် ရှိတယ်မလား ကံထမ်းလာတာ မမြင်ရ လှံထမ်းလာတာသာ မြင်ရသည်တဲ့ ကံတရားဆိုတာ ခန့်မှန်းရခက်သားကွ မင်းဒီနေ့ သုံးစရာပိုက်ဆံ မရှိတော့ပေမယ့် နောက်နေ့ကျ သူဌေးကြီးဖြစ်ချင် ဖြစ်လာနိုင်တယ် -----"
အာဘောင်အာရင်းသန်သန်နှင့် မိမိထိုင်ခုံနေရာ ဖယ်ပေးထားရသော အဘိုးက အာဝဇွင်းရွှင်နေသလောက် ZhengTing မှာတော့ ဆင်းရမည့်ဘူတာ မရောက်နိုင်သေးသဖြင့် လက်ကိုင်ကွင်းလေးကိုင်ကာ ညောင်းလှပြီဖြစ်သည်
ZhengTing ၏အလုပ်က အိမ်နှင့် 15 ဘူတာတောင်ဝေးသည် မြေအောက်ရထားပီပီ နေရာရဖို့ပင် ခဲယဥ်း၏ ဒီနေ့မှာတော့ ထူးထူးခြားခြား နေရာရပြီဆိုပြီး ဝမ်းသာအားရ ထိုင်မည်ကြံကာမှ သူ့ရှေ့မှာအဘိုးကြီးတယောက်လာရပ်တော့သည် နားကြပ်တပ်ပြီး မျက်နှာလွှဲခဲပစ် မနေတတ်သော ZhengTing သည် ချက်ချင်းနေရာဖယ်ပေးရှာပါသည် ထို့ကြောင့်ပင် အဘိုးက ကျေးဇူးတင်သွားသည်လားမသိ အားတက်ဖွယ်ရာ စကားတွေကို အားရပါးရ ပြောပြနေတော့သည် တောင်ဝှေးကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ရင်း စကားဆက်၏
"ဒုတိယကမ္ဘာစစ်ကာလ ပါရာနကန်လူမျိုးတွေမှာ ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဘေးကြုံကြတော့ နတ်ဆရာကဟောတယ် သုံးရက်သုံးညတိတိ မိုးနတ်မင်းကို ပူဇော်ပသရမယ် ပြီးတော့ မိုးနတ်မင်းပေးတဲ့ အိမ်ထောင်ဖက်ကို ခေါင်းဆောင်က လက်ထပ်မှ ငတ်မွတ်တဲ့ဘေးက လွတ်မယ်တဲ့ အဲ့တော့ ဖခင်ဆုံးလို့ လောလောလတ်လတ် ခေါင်းဆောင်ရာထူးရထားတဲ့ YouZhangJing ဟာ ကွင်းလယ်မှာ မဏ္ဍပ်ကြီးထိုးပြီး သုံးရက်တိတိ ပွဲပေးတော့တာပေါ့
သုံးရက်မြောက်နေ့မှာပဲ ထူးထူးဆန်းဆန်း ကောင်းကင်ပေါ်ကနေ လူတယောက် မဏ္ဍပ်ပေါ်ကို ပြုတ်ကျလာခဲ့တယ် ခေတ်အဝတ်အစားနဲ့ ပေတူးနေတဲ့ 20 ကျော် ကောင်လေးတယောက် မိန်းကလေးမဟုတ်ပေမယ့် အငတ်ဘေးကြုံနေတဲ့ ရွာသားတွေကတော့ သတ်မှတ်ကြတော့တာပေါ့ ဒါက မိုးနတ်မင်းပေးတဲ့ ခေါင်းဆောင်အတွက် ဖူးစာဖက် ဆိုပြီး အတင်းကို ရေမိုးချိူးသန့်စင်ပေးပြီး ပေးစားတော့တာပဲ
တကယ်တော့ အဲဒီလူငယ်က မဟာမိတ်တပ်က ဗိုလ်မှူး LinYanJun ပါ ဗုံးကြဲဖို့သွားတဲ့ သူတို့လေယာဥ်က ချောင်းမြောင်းအပစ်ခံရပြီး လေယာဉ်ပျက်ကျခါနီး အရေးပေါ်လေထီးနဲ့ မြေပြန့်နေရာလောက် မှန်းပြီးခုန်ဆင်းလာတာ တိုက်တိုက်ဆိုင်ဆိုင် YouZhangJing နတ်ကန်တော့နေတဲ့ မဏ္ဍပ်ပေါ်ကျသွားတာပဲ