မြူတွေဆိုင်းနေတဲ့ December မနက်ခင်း ဟာ ဆောင်းရဲ့ သင်္ကေင်္တဖြစ်သော နှင်းတွေကို ကြိုဆိုနေသလို....ယောင်ရမ်းပြီ ပြတင်းပေါက် ကို ဖွင့်မိတော့
ဝင်လာတာက လေစိမ်းတွေ...."ဟီး..."
လှည့်ကြည်လာသော အတန်းထဲကလူတွေကို
သွားဖြီးပြလာတော့...အကုန်လုံးက သူ့ အလုပ်သူ ပြန်လုပ်ကြလေရဲ့...စကာပြောသူက ပြော ...ဆော့သူကဆော့ နဲ့ ဆရာမလာခင် ပျော်ပါးနေတဲ့ အတန်းဖော်တွေကြားထဲ..တယောက်တည်း ဖြစ်နေသော သူကတော့ နောက်ဆုံးခေါင်းချပြီ အိပ်ဖို့သာ ပြင်မိသည်....အိပ်ဖို့ ပြင်ရုံရှိသေး..
အတန်းထဲကို တမန်းကမန်း ဝင်လာသော ပုံရိပ်လေးကြောင့် မပြုံးဖြစ်အောင် ပြုံးမိသေးသည်....ဆရာမ ရောက်နေပြီထင်၍ အပြေးဝင်လာသော ပုံရိပ်လေးသည်...ဆရာမကို မတွေ့တော့ ပြုံးပြုံးပျော်ပျော်နဲ့ သူ့ဘေးနားကနေရာလွတ်လေးနားကို ဝင်ထိုင်လေရဲ့....
"Hi...Jeno..."
"အိမ်ရာထ နောက်ကျပြန်ပြီလား..Renjun..."
"ဆောင်းမနက်ခင်းက အိပ်လို့ကောင်းတာ မင်းသိရဲ့သားနဲ့...."
"ငါ့ကတော့...တစ်နှစ်ပတ်လုံး မင်းအမြဲ နောက်ကျတာဘဲသိတယ်..."
"မင်းကတော့လည်း..ကိုယ့်သူငယ်ချင်းကို-"
"အားလုံး မတ်တပ်ရပ်...!! "
သူ့စကားပြောလို့ မပြီးခင် ရောက်လာသော ဆရာမကြောင့် ကျနော်ရဲ့ ကလေးစိတ်မပြောက်သေးသော သူငယ်ချင်းလေးဟာ တိုးတိုးနဲ့ ဆက်ပြောနေလေရဲ့.....
"Huang Renjun..."
"ဗျာ..."
"အခု ဆရာ သင်နေတဲ့ အကြောင်းလေး ပြောပါဦး..."
"ဟို...."
စာသင်နေတုန်းကတော့ ပုံထိုင်ဆွဲနေတဲ့ renjun ဟာ အခု ဆရာမေးတော့ ကျနော်ကို လာပြီ အကူအညီ တောင်းနေရဲ့...
သူဆွဲနေတဲ့ ပုံကို တချက်ကြည့်ကြည်တော့ မပြီးသေးသော moomin ပုံကြောင့် ကျနော် မသိချင်ယောင်ဆောင် ဟိုဘက် လှည့်နေလိုက်မိသည်...
"Huang Renjun...ညနေ ကျောင်းဆင်းရင်ပြန်ဖို့ မကြံနဲ့
အာကစားကွင်းက အမှိုက်တွေကောက်ပြီးမှ ပြန်ရမယ်ကြားလား.."
YOU ARE READING
Sweet December
Short Storyနှင်းတွေကို မင်းလောက် သဘောမကျပေမယ့် မင်းအပြုံးတွေ ဖန်တီးပေးတဲ့ နှင်းတွေကို ကျေးဇူးတင်စကားတော့ ပြောချင်မိရဲ့.....❄❄