(Unicode)
သူ့ကိုမြင်ဖူးတာပေါ့ ကြာခဲ့ပြီ ဆိုပေမယ့် မျက်ခုံးနက်နက်တွေအောက်က တောက်ပတဲ့မျက်ဝန်းအစုံကို မှတ်မိနေပါသေးတယ် -----
တောက်ခနဲ ခေါင်းကိုလာမှန်တဲ့ အရာလေးကို ကြည့်လိုက်တော့ အသဲပုံခေါက်ထားတဲ့ စက္ကူလိပ်လေး ---- ဘယ်သူများပါလိမ့် လှည့်ကြည့်လိုက်မှ သူ့နောက်ဘက်နှစ်ခုံကျော်မှာထိုင်နေတဲ့ CaiXukun နဲ့ အကြည့်ချင်းသွားဆုံသည် ZhengTing ဘာလုပ်ရမယ်မှန်း မသိသဖြင့် ရှက်ကိုးရှက်ကန်း ရယ်ပြတော့ သူလည်း ပြန်ပြုံးပြသည် --- ဤသည်ကို ဘေးတွင်ထိုင်သော DingZeren ရိပ်မိသွားပုံပေါ်သည် ZhengTing လက်ထဲက စက္ကူလိပ်ကို အတင်းဖွင့်ကြည့်ကာ
"I love you ဆိုပဲ -----
ဘာလဲဘာလဲ ဒရမ်မာကားတွေ ရိုက်တော့မှာလား ဟားဟား --- ""ဟဲ့ မဟုတ်ပါဘူး --- တိုးတိုးပြောပါ ဆရာကြားမယ်---"
DingZeren ကတော့ ကျောက်သင်ပုန်းပေါ် စာရေးနေသော ဆရာZhang မကြားအောင် အသံအုပ်အုပ်ရယ်ပြီး
"အတော်ဆုံးကျောင်းသား CaiXukun က ကျောင်းအပြေးဆုံး ZhuZhengTing ရဲ့ အလှမှာ မျောသွားရတယ်လို့ ---"
DingZeren သည် သူ့ကိုယ်သူ အသံတိုးတိုးပြောသည် ထင်နေသော်လည်း မုဝင်သွား၍လားမသိ စည်းကမ်းအကြီးဆုံး ဆရာZhang ၏ အချိန်ဖြစ်သည့် အားလျော်စွာ တိတ်ဆိတ်နေသော အခန်းမှာတော့ တခန်းလုံးကြားနိုင်ရုံမက ပဲ့တင်သံပင်ထပ်သွားသလားတောင် ထင်ရသည်
ဆရာZhang ပင် ဘုရားတလျှက် တခန်းလုံး အုံးခနဲ ထရယ်ကြတော့သည် ZhengTing ရှက်သည် လှည့်မကြည့်ရဲသော်လည်း CaiXukun ကပိုရှက်နေလောက်မှာ သေချာသည် ထို့ထက်ပို၍ ရှက်စရာကောင်းသည်ကား
"အဲ့ စက္ကူလိပ်က CaiXukun ပစ်တာ မဟုတ်ပါဘူး ကျနော်ပစ်တာပါ"
သို့မှ ZhengTing မကျေနပ်နဲ့ လှည့်ကြည့်လိုက်တော့
"ဟာ မှန်ကြောင် ZhouYanChen ပဲ --- သူက ဘာလို့လဲ---"
"ငါလည်း မင်းကို ပေးတာ မဟုတ်ပါဘူး ဘေးက Zeren ကို --- လက်ချော်သွားလို့ ---"
"ဘာ--" "ဘာ---" "ဘာ------"
ပထမအာမေဋိတ်မှာ ရှက်အော်အော်သည့် DingZeren ဖြစ်၍ ဒုတိယအာမေဋိတ်မှာ ဆဲချင်နေသော ZhengTing ဖြစ်ကာ နောက်ဆုံး အာမေဋိတ်မှာမူ သူတို့ကို ဒဏ်ပေးမည့် ဆရာZhang အသံဖြစ်လေသည်