အပိုင်း(၇၄)ဂိုဏ်းကြီးခုနှစ်ခု

501 83 0
                                    

အပိုင်း(၇၄)ဂိုဏ်းကြီးခုနှစ်ခု

"ဖုန်း!"

ကျန်းရီသည် ဖက်တီး၏ ဟန်များနေသော ပုံကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ လက်မြှောက်ကာ ဖက်တီး၏ နောက်စေ့ကို ရိုက်ချလိုက်သည်။ ထို့နောက် သူသည် ဖက်တီးကို လေးလေးနက်နက်ပြောလိုက်သည်။

"အခု တည်တည်တံ့တံ့နေစမ်းပါ...ငါ့ကို အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့ "

ကျန်းရီသည် အရူးမဟုတ်ရာ တစ်စုံတစ်ယောက်က ချီးမွမ်းတိုင်း မြောက်သွားလိမ့်မည် မဟုတ်ပေ။...လူသတ်ချင်နေတဲ့ အရှိန်အဝါ ဟုတ်လား?...လူသတ်ချင်တဲ့ အရှိန်အဝါအများကြီး ရနေအောင် သူက လူဘယ်လောက် သတ်ထားတာမလို့လဲ?

ဖက်တီးက အန္တရာယ် မရှိပုံပေါ်ပြီး ယုံကြည်စိတ်ချရသောကြောင့် လူအများသည် သူ၏ လှည့်စားခြင်းကို ခံရနိုင်သည်။

ကျန်းရီ၏ ရိုက်ခြင်းကို ခံလိုက်ရသော်လည်း ဝတုတ်သည် စိတ်မဆိုးခဲ့ပေ။ သူသည် ရယ်မောလိုက်သည်။

"အစ်ကိုကြီးက တကယ့်ကို ဥာဏ်ကောင်းတာပဲ...ကျွန်တော်ထပ်ပြီး ဖုန်းကွယ်မထားတော့ပါဘူး...တကယ်တော့...ကျွန်တော့်မှာ အံ့သြဖွယ်ကောင်းတဲ့ ဘယ်သူ့ကို မဆို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်မျိုးရှိတယ်..."

"ဖုန်း!"

ကျန်းရီသည် ဖက်တီးကို နောက်တစ်ချက် ထပ်ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ထပ်ပြီး အဓိပ္ပါယ် မရှိတာတွေ လာပြန်ပြီ...ငါသွားတော့မယ်!"

"မလုပ်...မလုပ်ပါနဲ့...အစ်ကိုကြီး!"

ချမ်ဝမ်ကွမ်သည် ကျန်းရီကို ဆွဲထားလိုက်ပြီး အမှန်ကို ပြောလာခဲ့သည်။

"ငါက မင်းနဲ့ ကျန်းချီလင်း တိုက်ခိုက်နေတဲ့ အချိန်တည်းက အဲဒီမှာ ရှိနေတယ်...ဒါပေမယ့် အဲဘေးမှာ ငါပုန်းနေခဲ့တယ်...မင်းနဲ့ ကျန့်ဝူရွှမ်းက ငါအဲ့မှာ ရှိနေမှန်း မသိကြဘူး"

"ဟမ့်!"

ကျန်းရီသည် နှာခေါင်းရှုံ့လိုက်ပြီး ထပ်မေးလိုက်သည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now