အပိုင်း(၇၅)လူကဲခတ် မှားယွင်းခြင်း

495 86 0
                                    

အပိုင်း(၇၅)လူကဲခတ်မှားယွင်းခြင်း

" ကျန့်ဝူရွှမ်း... နင်ဘာလို့ သူ့ကိုသွားမကူတာလဲ "

အနက်ရောင်ဝတ်စုံဝတ်မိန်းကလေးသည် ကျန်းရီအန္တရာယ်ရှိနေသည်ကို မြင်သောအခါ သူမ၏အမူအရာသည် အေးစက်သွားခဲ့ပြီး ကျန့်ဝူရွှမ်းကို ချက်ချင်းပြောလိုက်သည်။ သူတို့နှစ်ယောက်သည် ချမ်ဝမ်ကွမ်ထံမှ သတင်းရရှိချိန်တည်းက ကျန်းရီကို အာရုံစိုက်နေခဲ့သည်။

" ငါက ကျေးဇူးကန်းတဲ့သူမဟုတ်ဘူး... ဒါပေမယ့် ငါတို့ကျန်ဂိုဏ်းက အမြဲတမ်း ဘယ်ပြသနာမှာမှ ဝင်မပါခဲ့ဘူး... ငါသာ ဒီလိုအခြေအနေမှာ လှုပ်ရှားလိုက်မယ်ဆိုရင် ဒုက္ခရောက်လိမ့်မယ်... ဒါက  အထက်လူကြီးတွေရဲ့ စစ်တုရင်ခုံပေါ်က ကစားပွဲကိုပါ သက်ရောက်သွားစေနိုင်တယ် "

ကျန့်ဝူရွှမ်းသည် ခေါင်းယမ်းလိုက်ပြီး တစ်လက်မမျှတောင် မလှုပ်ရှားခဲ့ပေ။ သူသည် ကျန်းရီကို စိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။

" ပြီးတော့...သူက ငါ့ထက်ပိုပြီး သာတယ်လို့ မင်းမပြောခဲ့ဘူးလား?... ဘယ်သူက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ?"

" ဟမ့်! "

အနက်ရောင်ဝတ်မိန်းမပျိုသည် ကိုယ်ကိုပြန်လှည့်ကာ ကျန်းရီကိုသာ ကြည့်နေလိုက်သည်။ သူမသည် ကျန်းရီကို ကျန့်ဝူရွှမ်းထက် ပို၍အားကောင်းသည်ဟု ပြောလိုက်ခြင်းမှာ ကျန့်ဝူရွှမ်းကို စနောက်ချင်၍ဖြစ်သည်။ သူမစိတ်ထဲတွင် စစ်နတ်ဘုရားဂိုဏ်း၏ လက်ရှိမျိုးဆက်မှ တိုက်ရိုက်ဆက်ခံသူဖြစ်သော ကျန့်ဝူရွှမ်းကို ကျန်းရီအနိုင်တိုက်နိုင်မည်ဟူ၍ မထင်ပေ။

" ဗုန်း! "

သို့သော် နောက်မြင်ကွင်းသည် ကျန့်ဝူရွှမ်း ၊ အနက်ရောင်ဝတ်စုံဝတ်မိန်းကလေးနှင့် ခြုံထဲတွင် ပုန်းအောင်းနေသော ဝတုတ်တို့ကို ဆွံ့အသွားစေခဲ့သည်။ ကျန်းရီသည် ရုတ်တရက် လက်ဝါးရိုက်ချက်တစ်ခု ပြုလုပ်လိုက်သည်။ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ရှိသူသည် ရိုက်ချက်တစ်ချက်ကိုပင် မခံနိုင်ဘဲ သေလုမျောပါးလွင့်ထွက်သွားခဲ့သည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now