အပိုင်း(၇၇)အန္တရာယ်
"ဘန်း!"
ချမ်ဝမ်ကွမ်၏ စကားဆုံးသည်နှင့် ကျန်းရီသည် သူ့ကို ဆယ်ပေခန့် လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်သည်။ ကျန်းရီ၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေခဲ့ပြီး အေးစက်စွာ အော်လိုက်သည်။
"ချမ်ဝမ်ကွမ်!...ငါ့ကို ကစားနေတာ ပျော်စရာကောင်းတယ်လို့ ထင်လား?...'အရှင့်သား'ဆိုတဲ့ စကားကို အဲလောက်လွယ်လွယ်ပြောထွက်ရလား?...မင်းက ငါတို့တစ်အိမ်လုံးကို သေစေချင်နေတာလား?"
"အွတ်ရှ်!..."
ချမ်ဝမ်ကွမ်သည် မတ်တပ်ရပ်လိုက်ပြီး ရင်ဘတ်မှ ဝတ်ရုံစကို ခါလိုက်သော်လည်း သူသည် ကျန်းရီကို စိတ်မဆိုးခဲ့ပေ။ သူသည် ကျန်းရီကို နားမလည်နိုင်စွာသာ ကြည့်လိုက်သည်။ သူသည် ကျန်းရီ ရိုးသားစွာ ပြောနေသည်ကို မြင်လျှင် မေးကြည့်လိုက်သည်။
"ကျန်းရီ...မင်းကို ကျန်းယွင်ဟိုင်က မင်းရဲ့အဆင့်အတန်းအကြောင်း မပြောဘူးလား?...ငါတို့ရဲ့ ထောက်လှမ်းမှုအရဆိုရင် မင်းက သေချာပေါက် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့သား...ကျန်းရိလျှိုရဲ့ အမေမတူတဲ့ ညီအစ်ကိုပဲ!"
ကျန်းရီ၏ ကိုယ်သည် တုံ့ခနဲ ဖြစ်သွားသော်လည်း သူသည် ချမ်ဝမ်ကွမ်ကို မယုံကြည်သေးပေ။ သူသည် စိတ်တိုစွာ ပြောလိုက်သည်။
"ဘယ်မှာလဲ မင်းရဲ့သက်သေ?...ဘာကို အခြေခံပြီး ငါက အနောက်ဘက်နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့ သားလို့ မင်းပြောတာလဲ?...အဲလိုသာ ရကြေးဆိုရင် မင်းက ငါ့သားလို့တောင် ငါပြောလို့ရတယ်"
ဖက်တီးသည် အားရပါးရ ရယ်မောလိုက်ပြီး ခေါင်းရမ်းလိုက်သည်။
"ကျန်းရီ...မင်းအဲဒါကို ခန့်မှန်းထားပြီးသား မလား?...မဟုတ်ရင်...မင်းဘာလို့ ဒီလောက် ဒေါသကြီးနေမှာလဲ?...ကျန်းယွင်ဟိုင်က အနောက်ဘက်နယ်စပ်မြို့စား လော့ကဲအရှင်ရဲ့ အိမ်တော်မှာ အိမ်တော်ထိန်းအဖြစ် ဆောင်ရွက်ဖူးတယ်...တစ်ခါက သူအမှားတစ်ခု လုပ်မိပြီး ကွပ်မျက်ခံရလုနီးပါး ဖြစ်ခဲ့တယ်...အိမ်တော်ထဲက မိန်းမပျိုတစ်ဦးက သူ့အတွက် ခွင့်လွှတ်မှု တောင်းဆိုပေးခဲ့တာကြောင့် သူအသက်ရှင်ခွင့်ရခဲ့ပေမယ့် သူ့ခြေထောက်တွေကတော့ မသန်မစွမ်း ဖြစ်သွားခဲ့တယ်...ဒါက အနောက်ဘက် မြို့စောင့်တပ်ထဲမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပြီး လူတွေအများကြီး သိကြတယ်...ကျန်းယွင်ဟိုင်က ဒီမိန်းကလေးက သူ့သခင်အဖြစ် သတ်မှတ်လိုက်တာက ဖြစ်သင့်ပါတယ် "
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Actionကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...