(Unicode)
"ZhengTing က သူများနဲ့ မတူဘူးနော် ---"
အဖြေလွှာကိုင်ထားသော ဆရာZhang ရဲ့ မှတ်ချက်ကြောင့် ZhengTing လည်း မဝံ့မရဲပြုံးပြမိသည်
"ဆရာ့လုပ်သက်တလျှောက် စာမလုပ်တဲ့ ကျောင်းသားတွေ တွေ့ဖူးပေမယ့် Multiple Choice ကို သုံညရအောင်ဖြေတာတော့ မင်းပဲရှိတယ်
စိတ်ထဲမသေချာရင်လည်း နံကြားထောက်မနေပဲ သူများတွေလို A ချည်းပဲရွေးတာတို့ B ချည်းပဲရွေးတာတို့ လုပ်ပါတော့လား ဆရာလည်းမင်းကို အပတ်တိုင်း သုံညပေးရတာ အားနာနေပါပြီ"
ဆရာZhang စကားကို မျက်လွှာချပြီး နားထောင်နေသလိုပေမယ့်သူ့အဖြေလွှာအောက်က အမှတ်ပြည့်ရနေသော CaiXukun ရဲ့ အဖြေလွှာကိုတော့ ငေးကြည့်မိပါသေးတယ်
(ဒီကျောင်းမှာ သူမရှိတော့ပေမယ့် အမှတ်တရတွေတော့ ချန်ခဲ့တာပဲလား)
ဆရာZhang သည် ZhengTing အဖြေလွှာကို ထုတ်ပေးကာ ပိုင်ရှင်မရှိတော့သော အဖြေလွှာလေးကိုတော့ သီးသန့်ဖိုင်ထဲပြန်ထည့်ထားလိုက်တော့သည်
"ဒီနေ့ကစပြီး စာကြိုးစားတော့ ZhengTing ရေ မင်းက ခန့်မှန်းတာမတော်တော့ သေချာသိဖို့ စာလုပ်မှရတော့မယ် ---"
ဥမကွဲသော အဖြေလွှာလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ZhengTing မခံချင်စိတ် ဖြစ်ခဲ့သည်ထင် ထိုနေ့မှစ၍ စာကြိုးစားလျှက် စာတော်သောကျောင်းသား ဖြစ်လာခဲ့သည့်တိုင် ခန့်မှန်းတာတော့ ယနေ့အချိန်ထိ ညံ့နေတုန်းပင်
___________________"ကျနော့်နာမည် ChenLiNong ပါ စီနီယာတို့ ကျနော့်ကို ကူညီသင်ကြားပေးကြပါ အကောင်းဆုံး ကြိုးစားသွားပါ့မယ်---"
လူသစ်လေးက အားရပါးရ ရယ်ပြကာ စကားပြောနေသလောက် မှန်းချက်နှမ်းထွက် မကိုက်ခဲ့သော ZhengTing ကတော့ တစက်မှ မပြုံးနိုင်
Justin ရိပ်မိသွားပုံပေါ်သည်
"အကိုက ဘာဖြစ်နေတာလဲ --- "
"ငါက ဒီအတိုင်း သိပ်နေမကောင်းလို့ပါ"
"NongNong က ခင်ဖို့ကောင်းပါတယ် သူနဲ့ ပြေပြေလည်လည် ဆက်ဆံရင်ကောင်းမယ် သူ့အဒေါ်က ကျနော်တို့ MD နော် ---"