အပိုင်း(၇၈)ငါရှိနေရင် ဘယ်သူမှ မင်းကို လက်ဖျားနဲ့တောင် မထိစေရဘူး
"ဘန်း!"
ကျန်းရီသည် အခြေအနေကို ဆုံးဖြတ်ပြီးသည်နှင့် အခန်းထဲမှ ပြေးထွက်လာကာ ဝတုတ်၏ တံခါးကို ဆောင့်ကန် ဖွင့်လိုက်သည်။ စာအုပ်အထပ်လိုက်ကို ရှေ့ချ၍ ဖတ်နေသော ဖက်တီးကို ခြောက်လှန့်သလို ဖြစ်သွားခဲ့လေသည်။
ဖက်တီးသည် သူကိုင်ထားသည့် စာအုပ်ကို ချမည့်အရိပ်အယောင်မပြုပဲ မချိပြုံး ပြုံးလိုက်သည်။
"အစ်ကိုကြီး နည်းနည်းပါးပါး နူးနူးညံ့ညံ့ လုပ်လို့မရဘူးလား?...နောက်ဆို တံခါးမရှိတော့ရင် ကျွန်တော် ဘယ်လို စိတ်ချလက်ချ အိပ်လို့ရမှာလဲ?"
ကျန်းရီသည် သူဘာဖတ်နေသည်ကို လုံးဝလှည့်မကြည့်ခဲ့ပေ။ သူသည် တစ်ခဏမျှ ရပ်နေခဲ့ပြီး ပြောလာခဲ့သည်။
"ချမ်ဝမ်ကွမ်... ငါ့အဖိုးဆီ ပြောစရာရှိလို့ ငါ့ကို ကူညီပေးလို့ရမလား?"
"ကျန်းယွင်ဟိုင်လား?"
ဝတုတ်သည် မျက်မှောင်ကျုံ့လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါး ပြန်ဖြေလာခဲ့သည်။
"ဒါက လွယ်ပါတယ်...မင်းဘယ်အချိန် သူ့ကို သွားတွေ့ချင်လဲ?"
"ဒီနေ့ကတော့ နောက်ကျနေပြီ!...မနက်ဖြန်ပေါ့!"
ကျန်းရီသည် ဖက်တီး၏ အိပ်ရာထက်သို့ တုံ့ဆိုင်းမနေဘဲ တက်ထိုင်လိုက်သည်။ သူသည် တစ်လက်လက်တောက်ပနေသော မျော်လင့်ချက်အပြည့် မျက်ဝန်းများနှင့် ချမ်ဝမ်ကွမ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ချမ်ဝမ်ကွမ်...မင်းငါ့ကို တစ်ခု ကူညီပေးနိုင်မယ်မဟုတ်လား?...ဒီကိစ္စသာ ပြီးမြောက်သွားရင် ငါကျန်းရီက မင်းအပေါ် အကြွေးတစ်ခု တင်သွားပြီ"
ဖက်တီး၏ မျက်လုံးသေးသေးလေးများသည် တောက်ပသွားပြီး ဟိတ်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီးက ယဉ်ကျေးလွန်းနေပါပြီ...ကျွန်တော့်အစ်ကိုကြီးလို့ ကျွန်တော်သတ်မှတ်လိုက်တည်းက အစ်ကိုကြီးရဲ့ ကိစ္စကလည်း ကျွန်တော့်ကိစ္စပဲလေ!...အကြွေးတင်သွားပြီလို့ မပြောစမ်းပါနဲ့...အဲ့လိုပြောလိုက်ရင် ကျွန်တော်က အကောင်းဆုံး ကြိုးစားပြီး ကူညီပေးရမှာပေါ့!"
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)
Actionကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ့ရဲ့ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း...