My Bad Boy 1

781 80 7
                                    

My Bad Boy 1

#KaiHun

ုခြံထဲကတောင်မထွက်ရသေး။ ခြံပြင်မှာရပ်ထားတဲ့ သူ့ကားကို
လက်ထောက်မှီရင်းရပ်နေသည့် ကောင်လေးကြောင့်
သူမျက်မှောက်ကြုတ်လိုက်မိသည်။လက်ထဲမှာလည်း နှင်းဆီပန်းတစ်ပွင့်နဲ့။ ငါနော် ပန်းပေးရအောင် ...
သုံးနှစ်လုံးလုံးသူ့နောက် တကောက်ကောက်လိုက်ခဲ့သည့်
ကောင်လေးက စစ်ထဲကထွက်လာပြီးနောက် ပိုကြည့်ကောင်းလာသလိုပါပဲ။ကတုံးကေ ဆံပင်လည်းအတော်လေးပြန်ရှည်နေပါပြီ။

မျက်နှာကိုပုံမှန်ထက်ပိုတည်ရင်း ဂျုံအင်ခြံထဲကထွက်သွားလိုက်သည်။

'ဟိုင်း ကိုကို !!'

'အော်မပြောလည်းရတယ် ငါ့အိမ်ရှေ့ကိုမလာနဲ့လို့
ပြောထားတယ်လေ '

'ဟင် ကိုကိုကလည်း မတွေ့တာကြာတော့စိမ်းကားနေတာလား'

မျက်နှာငယ်လေးနဲ့ပြောလာသည့်ကောင်လေးက တမင်အပို
လုပ်နေမှန်းသူသိသည်။ သူစိတ်မကောင်းဖြစ်အောင်တမင်
မျက်နှာငယ်ပြနေတာ။

'စိတ်မဆိုးပါနဲ့ကိုကိုရယ် ဟွန်းငယ်စစ်ထဲကပြန်ထွက်လာလာချင်း ကိုကို့ကိုလာမတွေ့ဘူးဆိုတာကလေ ဆံပင်ရှည်အောင်စောင့်နေလို့ပါ ကိုကိုကဒီအတိုင်းတောင်
ဟွန်းငယ်ကို ပစ်ပစ်ခါခါဆက်ဆံနေတာ ဟွန်းငယ်က ကတုံးကေနဲ့လည်း အရမ်းချောမှန်းသိပေမဲ့ ကိုကို့အမြင်မှာ
ရုပ်ဆိုးနေမှာဆိုးလို့လာမတွေ့တာ '

'မင်းကိုဘယ်သူကစိတ်ဆိုးတယ်ပြောသလဲ အိုဆယ်ဟွန်း
မင်းလာမတွေ့ရင်ပိုတောင်ကောင်းသေးတယ်'

တအံ့တသြမျက်နှာဖြစ်သွားတဲ့ ဟွန်းငယ်။ သူ့ကိုမျက်တောင်
ပုတ်ခတ်ပုတ်ခတ်နဲ့ကြည့်လာသည်။

'ဟွန်းငယ်ကို ကိုကိုလက်ခံနိုင်ပြီထင်ခဲ့တာ '

ခေါင်းလေးငုံ့လို့ အသံတိုးတိုးသာဆိုလာသူ။

'ဒါပေမဲ့ ဒါပေမဲ့ ဟွန်းငယ်လက်မလျော့ပါဘူး ရော့
သွားတော့မယ် '

ခေါင်းမော့လာပြီးပြောသွားတဲ့ ဟွန်းငယ်ရဲ့မျက်ဝန်းထဲမှာ
အရည်လဲ့လဲ့တွေ။ ငိုသွားခဲ့တာလား။
ပြေးထွက်သွားတဲ့ ကျောပြင်လေးက ပထမဆုံးသူ့ဆီကို
မဝံ့မရဲနဲ့ နှင်းဆီပန်းပေးပြီးထွက်ပြေးသွားခဲ့တဲ့ ကျောပြင်လေးအတိုင်းပဲ။ အခုကပိုပြီးယောက်ျားပီသလာသည့်ကျောပြင်၊ ကြည့်ကောင်းတဲ့ကျောပြင်လေးအဖြစ် အနည်းငယ်တော့ပြောင်းလဲသွားတာပေါ့လေ။

My Bad BoyWhere stories live. Discover now