အပိုင်း(၈၀)ရှေးဟောင်းနတ်ဘုရားလက်စွပ်

507 76 0
                                    

အပိုင်း(၈၀)ရှေးဟောင်းနတ်ဘုရားလက်စွပ်

ကျန်းရီသည် စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း သတင်းကို ကြားရလျှင် ဆွံ့အသွားရလေသည်။ သူသည် တကယ့်ကို ရှန်ဝူနိုင်ငံတော်၏ ကာကွယ်သူ၊ နံပါတ်တစ် စစ်သည်တော်၏ သားဖြစ်နေခဲ့သည်။

ကျန်းရီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူသည် ကျန်းဂိုဏ်း၏ အပယ်ခံ ဖြစ်ခဲ့စဉ်က လော့ကဲအရှင်က ဘယ်မှာနည်း?....သူ့ကို ကျန်းရုဟူ သတိလစ်သွားအောင် ရိုက်ခဲ့စဉ်က လော့ကဲအရှင် ဘယ်မှာနည်း?...ကျန်းရှောင်နူနှင့် သူ တခြားသူများ၏ အနိုင်ကျင့်ခြင်း ခံရစဉ်က လော့ကဲအရှင် ဘယ်မှာနည်း?...သူသေလုနီးပါး ဖြစ်သွားသည့်အချိန်တိုင်းတွင် လော့ကဲအရှင် ဘယ်မှာနည်း?...

သူ့အဖေသည် သူ့ဘဝတွင် အခက်ခဲဆုံးသော အချိန်များကို ရင်ဆိုင်ခဲ့ရစဉ်က တစ်ခါမှ ပေါ်မလာခဲ့ဘူးလျှင် သူ့တွင် ထိုအဖေ မရှိပေ။ 'မင်းသား'ဟူသော ဂုဏ်ပုဒ်ကို လိုအပ်ပါသလား?...ဟင့်အင်း...သူသည် ထိုသို့သော ဂုဏ်ပုဒ်ကို တစ်ခါမှလည်း မလိုချင်ဖူးသလို ထိုစကားလုံးကြောင့်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။

ကျန်းရီသည် ဆက်လက်၍သာ တိတ်ဆိတ်နေရာ ကျန်းယွင်ဟိုင်သည် ဆက်လက် ပြောဆိုလာခဲ့သည်။

"အရှင်ငယ်...မင်းရဲ့ အဆင့်အတန်းက အနှေးနဲ့အမြန် ပေါ်လာမှာပဲ...ကျန်းပိုင်လီက သိပ်မကြာခင်မှာပဲ မင်းကို လိုက်ရှာလာလိမ့်မယ်...ကြိုတင်ပြင်ဆင်ထားတာက ပိုကောင်းမယ်...ကျန်းရှောင်နူနဲ့ ငါရဲ့ လုံခြုံမှုကို စိတ်ပူစရာ မလိုဘူး...ကျန်းရိလျှိုမှာ စိတ်ဝိဥာဉ်မျောလွင့် ခရီးသည် အဆင့်ကလူတွေကို အမိန့်ပေးနိုင်တဲ့ အာဏာမရှိသေးဘူး...ငါမင်းကို သိစေချင်တာက သခင်မက ဒီကိစ္စကို ကောင်းကောင်းမဖြေရှင်းခဲ့ပေမယ့် သူမရဲ့ နှလုံးသားက အရမ်း ကြင်နာတတ်လွန်းတယ်...သူမက အရမ်းကို ထူးခြားတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပြီးတော့ ကျန်းပိုင်လီကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့တယ်...သခင်မကြောင့်သာ မဟုတ်ရင် ကျန်းပိုင်လီက အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ဆိုတဲ့ ရာထူးရတဲ့အထိ မြင့်မားသွားမှာ မဟုတ်ဘူး...ဒါပေမယ့် ကျန်းပိုင်လီက သူမကို ဘယ်လို ရာထူးအဆောင်အယောင်မျိုးမှ မပေးခဲ့တဲ့အပြင် သူမထွက်သွားတုန်းက လုပ်ကြံဖို့ လူတွေကိုတောင် စေလွှတ်ခဲ့တယ်...သူမရဲ့နှလုံးသားက အရမ်းကို နာကျည်းသွားရတယ်...မဟုတ်ရင် သခင်မက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားမှာ မဟုတ်ဘူး..."

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now