အပိုင်း(၈၁)ဒီလူကိုအသေသတ်ပစ်

501 78 0
                                    

အပိုင်း(၈၁)ဒီလူကို အသေသတ်ပစ်

နောက်ဆုံးတွင် ချမ်ဝမ်ကွမ်သည် ယွီမိန်အာကို ကျန်းရီ၏ အိပ်ရာထဲသို့ ခေါ်မလာခဲ့ပေ။ သူခေါ်လာလျှင်တောင် ကျန်းရီသည် သူမကို ထိရဲမည် မဟုတ်ပေ။ သူတို့သင်တန်းကျောင်းကို ပြန်ရောက်သော် ကောင်းကင်သည် မှောင်မဲနေခဲ့ပြီ ဖြစ်သည်။ သင်တန်းကျောင်းကို ပြန်ချေချမိသည်နှင့် ချမ်ဝမ်ကွမ်သည် ကျန်းရီအနား တိုးလာကာ လျှို့ဝှက်သော လေသံနှင့် ပြောလာခဲ့သည်။

"အစ်ကိုကြီးကို နောက်မှ သူငယ်ချင်းကောင်းတစ်ချို့နဲ့ မိတ်ဆက်ပေးမယ်...သူတို့တွေက သဘောကောင်းတဲ့ သူတွေ မဟုတ်ပေမယ့်လို့ သူတို့ကို သေချာသိသွားရင် သူတို့က ညီအစ်ကိုအရင်းတွေလို ယုံကြည်ရတဲ့သူတွေ ဖြစ်လာလိမ့်မယ်..."

"ညီအစ်ကိုအရင်းတွေ?"

ကျန်းရီသည် လက်မခံလိုသည့် သဘောဖြင့် အသာရယ်မောလိုက်သည်။ လောကသည် ခက်ခဲကြမ်းတမ်းလွန်းသည်။ ချမ်ဝမ်ကွမ်၏ သူငယ်ချင်းများ မပြောနှင့် ချမ်ဝမ်ကွမ်ကိုတောင် သူအပြည့်အဝ မယုံကြည်သေးပေ။ အားကောင်းသော ဂိုဏ်းများမှ သခင်လေးများသည် အခြားသူကို မိတ်ဆွေစစ် အနေနှင့် မည်သို့များ ဆက်ဆံနိုင်လိမ့်မည်နည်း?

ကျန်းရီသည် တံခါးဖွင့်လိုက်သည်နှင့် အဖိုးတန် အဝတ်အစားများကို ဝတ်ဆင်ထားသော သခင်လေး သုံးယောက်ကို တွေ့လိုက်သည်။ သူတို့ထိုင်နေသော နေရာတွင် စားသောက်ဖွယ်ရာများကို စားပွဲအပြည့် ခင်းကျင်းထားသည်။

ထိုသုံးယောက်သည် ချမ်ဝမ်ကွမ်နှင့် ကျန်းရီ ဝင်လာသည်ကို မြင်လျှင် အလျင်အမြန် မတ်တပ်ရပ်လိုက်ကြပြီး ချမ်ဝမ်ကွမ်ကို ပြုံးပြလာခဲ့သည်။ သူတို့သည် ကျန်းရီကို သာမန်ကာလျှံကာလောက်သာ ကြည့်လိုက်သည်။

"လာကြ!...မင်းတို့ အားလုံးကို မိတ်ဆက်ပေးမယ်!"

ချမ်ဝမ်ကွမ်၏ မျက်နှာထက်တွင် ဖော်ရွေသော အပြုံးများ ရှိနေခဲ့သည်။ သူသည် ထိုသုံးယောက်ကို ညွှန်ပြ၍ ပြောလာခဲ့သည်...

"ဒါက ယင်းရှာ ယင်းဂိုဏ်းရဲ့ စတုတ္ထ သခင်လေး၊ ဒါက လုံရှန်း လုံဂိုဏ်းရဲ့ ဆဋ္ဌမသခင်လေးနဲ့ ဒါက တော့ ထိုက်ရှစ်ဂိုဏ်းရဲ့ ဒုတိယသခင်လေး ထိုက်ရှစ်ချန်ပဲ....မင်းတို့ သုံးယောက်က သူ့ကို သိပြီးသားပဲ...ကျန်းရီလို့ခေါ်တယ်...အဲဒီနေ့က ငါတို့ကို အနိုင်ရအောင် လုပ်ပေးလိုက်တဲ့သူပဲ!...အခု သူက ငါ့အစ်ကိုကြီးပဲ"

ကောင်းကင်ဘုံအား ဆန့်ကျင်၍ စာစဉ်(၁) မှ (၇)Where stories live. Discover now