""""""""""""""""""အိပ်ရာပေါ်ပစ်လှဲလိုက်ရင်း မျက်လုံးကို
တင်းတင်းမှိတ်ထားမိသည်ဘာလို့လဲ.......
တစ်ခါအလှည့်စားခံရပြီးရင် လုံလောက်ပြီ
ပေါ့.....
တစ်ခါသေဆုံးခဲ့ရပြီးပြီလေ...ဒါပေမယ့်.....
ဒီသူ ကိုတွေ့လိုက်သည့်အချိန်တိုင်း
သူ့မှာ အရင်လို ရင်ခုန်မြန်မြဲ....မမျော်လင့်ခဲ့သော ဂရုစိုက်မှုတွေကို
ရရှိလာရသည့် အခါတိုင်းလည်း ပျော်ကျ
ပြိုလဲသွားချင်သည့် စိတ်...အမှတ်မရှိတာပဲလား Krist Perawat
ရယ်....."ပြန်ရောက်နေပြီလား....''
အထုပ်တွေဆွဲလျက်ပြန်လာတဲ့ Gun
ဖိနပ်ချွတ်ရင်း သူ့ကိုလှမ်းကြည့်နေလေတယ်"အင်း....ပြန်ရောက်ပြီ.....''
လေးလံနေတဲ့စိတ်နဲ့ လေပူတစ်ချက်မှုတ်ထုတ်ရင်း အိပ်ယာပေါ်
က လူးလဲထလိုက်တယ်နှစ်ယောက်အိပ်သာရုံ ကုတင်ကျဉ်းလေး
ပေါ်ကနေ ခြေထောက်ချကာ ထိုင်နေ
လိုက်ပြီး တံတောင်ဆစ်ကို ဒူးပေါ်ထောက်
ထားလိုက်တယ်"နေမကောင်းဘူးလား....မင်းကြည့်ရတာ
သိပ်အဆင်မပြေသလိုပဲ....''အထုတ်တွေကိုမီးဖိုခန်းဆီသွားထားပြီးမှ
သူ့အနားပြန်လျှောက်လာတဲ့ Gun က
သူ့နဖူးကိုပါ အပူစမ်းလေတယ်"Ai Gun.....''
"အင်း....''
"ကျေးဇူးပဲ.....''
ဒီသူငယ်ချင်းလေးကို ပြန်တွေ့ဆုံခွင့်ရတာ
ကျေးဇူးပါပဲ....Gun ရဲ့ဝမ်းဗိုက်ပြင်မှာ ခေါင်းအပ်ထားလိုက်ပြီး ခါးသေးသေးလေးကိုပါ တင်းတင်းဖက်ထားလိုက်တယ်
"မင်း တစ်ခုခုဖြစ်ခဲ့တာလား....မင်း Crush
နဲ့အဆင်မပြေလို့လား....''Kit ရဲ့ ပုခုံးကို ပုတ်ပေးနေလိုက်ပြီး
မေးလိုက်တယ်ဒီလိုပုံစံမျိုး တစ်ခါမှမပြုမှုဖူးတာမို့
Gun အံ့သြ နေမိသည်Kit ဟာ လူငယ်သဘာဝ ပျော်ပျော်
သာ နေတတ်တဲ့ကောင်လေး...
စိတ်ညစ်စရာကိုရေရှည်မတွေးပဲ
အကောင်းဘက်ကလှည့်တွေးတတ်သည့်
ကောင်လေးလေ....
YOU ARE READING
Rebirth for Love
FanfictionRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...