[{မမသာလျှင်}]
[{Ep/1}]
ခင်ပျိုမဒီ❤
နိုင်းဆုမြတ်သူ❤
စာရေးသူ...Green Heart💚ဆောင်းအကုန်နွေအကူး ကာလတစ်ခု
နှင်းစက်နှစ်ပြောက်လေးများနှင့် နေရောင်ခြည်နုနုလေး ရောထွေးလျှက်ရှိသည်။သူမရဲ့ မွေးရပ်ဇာတိ အလွန့်အလွန်ကို တောကျလှသည့် ဤဒီသကို မလာချင်ဘဲ ရောက်လာခဲ့ရသည်။မြဝတီမြို့သို့ မိသားစုလိုက် ပြောင်းရွေ့သွားပြီးနောက်ပိုင်း ဤတောရွာဇာတိ ရွာလေးသို့ မရောက်ဖြစ်သည်မှာ အတော်ကြာခဲ့ပြီ။
သိပ်မဝေးလှသော်လဲ လျှက်စစ်မီးမရှိ ဖုန်းလိုင်းမမိသော ဤရွာလေးသို့ မလာချင်သည်မှာ သူမ အပြစ်တော့မဟုတ်ပါ။ဖိုးဖိုးနှင့်ဖွားဖွား အလှူကြီးတစ်ခုပြုလုပ်ရန်အတွက် ဖေနှင့်မေကသူမကို မပါပါအောင်အတင်းခေါ်ခဲ့ချင်းဖြစ်သည်။တက္ကသိုလ်တွင် ဒုတိယနှစ် တက်နေသော ကာလတစ်ခုအတွင်း သူမ စာကိုသာ အပတ်တကုပ်ကြိုးစားသူဖြစ်သည်။ဖေ ကပြောဖူးသည်။ဘဝတွင်အောင်မြင်ရန်အတွက် ပညာသည် အဓိကလိုအပ်သော လက်နက်တစ်ခုတဲ့..သူမ အောင်မြင်ချင်သည်။ တစ်နေ့ အောင်မြင်သော လုပ်ငန်းရှင် တစ်ယောက် ဖြစ်ဖို့အတွက်လဲ ရည်ရွယ်ထားသူဖြစ်သည်။"စံပယ်ရေ..ဒီမှာ လိုင်းကလုံးဝ မမိတာလားဟ ဒုက္ခပါဘဲ.."
"နင်မသိဘူးလား.နိုင်း..ရွာမှက လိုင်းကသိပ်ကောင်းတာမဟုတ်ဘူး ..တစ်ခါတလေ တိုင်ပါပျောက်နေတာ.."
"တိုင်ပျောက်တာ အရေးမကြီးဘူး ငါဒီမှာ တိုင်ပတ်နေပြီ..Rankပွဲဟ..."
"ဟင် ..နင်rankဆော့နေတာလား..လိုင်းမိလို့လား"
"စောစောက မိတယ်လေ အပြည့်ဘဲ ငါကအဆင်ပြေလောက်မယ်ထင်လို့ ဆော့တာ...သွားပါပြီဟာ.."
Ml Rankဆော့ရင်း ငိုမဲ့မဲ့ဖြစ်နေသော နိုင်းကိုကြည့်ပြီး စံပယ် အော်ရယ်လိုက်မိသည်။သူမနှင့် နိုင်းက ငယ်သူငယ်ချင်းများဖြစ်သည်။နိုင်းက မြဝတီသို့ပြောင်းသွားပြီးရွာကို အလည်တစ်ခေါက်တောင် မရောက်လာပါ။ဒါကြောင့်ရွာအခြေအနေ သူမသိ။ခုလဲကြည့်လေ..
ငယ်ငယ်ကအကျင့်တိုင်း ...လိုတာမရရင် ငိုတော့မလိုလို သေတော့မလိုလို ။