သဘောင်္က ကမ်းကနေ တဖြည်းဖြည်း ဝေးကွာလို့သွားတယ်! အုပ်လိုက်ပျံသန်းနေတဲ့ ဇင်ယော်တွေက လက်ပြနှုတ်ဆက်နေသလိုပဲ! တဖက်မှာ ကိုယ်မသိတဲ့ ခရီးဆုံးရာ ရေခြားမြေခြားတစ်ခု.......ဝေဝါးတဲ့ ကမ်းမမြင်လမ်းမမြင်ကို ဖြတ်ကာ ခရီးတစ်ခုစခဲ့သည်ပေါ့!
"Iori ဘယ်မှာလည်း?"
"သဘောင်္ကုန်းပတ်ပေါ်မှာ ထင်တယ် သခင်မ"Shijou သခင်မ သဘောင်္ကုန်းပတ်ပေါ် တက်ကြည့်လိုက်တော့ ပင်လယ်ပြင်တနေရာကို ဦးတည်ရာမဲ့ငေးနေတဲ့ သားတော်မောင်ကိုတွေ့ရတယ်!
"သား ဟိုရောက်ရင် ပျော်သွားမှာ !ဟိုက ရှုခင်းတွေ သိပ်လှတာပဲသိလား! "
တုန့်ပြန်သံမရှိတဲ့ တဖက်သတ်စကားဝိုင်းမှာ Shijou သခင်မရဲ့စကားသံတွေ ဝေဆာလို့!
"နေရာသစ်မှာ လူသစ် စိတ်သစ်ပေါ့သားရယ်!"
ပြန်ဖြေသံက တိတ်ဆိတ်နေဆဲ......
ပင်လယ်ကို ငေးမောနေဆဲ.....
သူ့လည်ပင်းက နက်ကတိုင်လေးလည်း လေနှင်ရာ လွင့်ဝဲနေဆဲ.......
"သား မေမေ့ကိုကြည့်စမ်း"
Shijou သခင်မရဲ့ ချိုသာပေမယ့် အမိန့်သံဆန်တဲ့ စကားသံ !
သူကတော့ ကျောခိုင်းကာ ပင်လယ်ကို ငေးနေဆဲပဲ.....
"သား...Iori!"
Shijou သခင်မက လှည့်မလာတဲ့ Iori ပုခုံးကို စိတ်မရှည်စွာ ဆွဲလှည့်လိုက်တယ်!
"ဟင်....."
မြင်လိုက်ရတဲ့ မျက်ဝန်းညိုတွေ.....
ဒါ.....
__________Unbreakable__________
"Iori ..... အဲ့ဒီ့ကောင်လေး ဒီမနက်ပဲ အင်္ဂလန်ကို ထွက်သွားပြီ"
ကြားလိုက်ရတဲ့ စကားသံက Kokonoe နားထဲကို သံရည်ပူလောင်းချလိုက်သလိုပဲ!
တခဏငြိမ်သက်သွားတဲ့ Kokonoe ကို Daikaku ကြောင်ကြည့်နေမိသည်!
KAMU SEDANG MEMBACA
Unbreakable ( Unicode Version )
Fiksi PenggemarThis is a cruse anymore but.....our love is unbreakable! The sequel of Love Legend! This story is my own story please enjoy~^ ^