(Unicode)
"ကံမရှိ ဥာဏ်ရှိတိုင်းမွဲတဲ့---- အချို့သောကိစ္စတွေဟာ ကိုယ်ဖန်တီးယူဖို့ မစွမ်းသာနိုင်ဘူး"
သည်းသည်းမည်းမည်းရွာနေသော အပြင်ကမိုးစက်များကို ငေးကြည့်ရင်း DingZeren သက်ပြင်းချသည်
"မိုးကလည်း မစဲနိုင်ဘူးကွာ တော်သေးတယ် ငါထီးယူလာမိလို့---"
ZhengTing ကတော့ သူ့စကားကို အရေးမကြီးသည့်ဟန်နှင့်
"မနေ့ညတည်းက မိုးလေဝသသတင်းမှာ ပါသားပဲ မုန်တိုင်းရှိပါတယ်ဆို ---"
"အေး အဲဒါဆို မင်းက ဘာလို့ ထီးမယူလာရတာလဲ"
သို့မှသာ ပြုံးပြီး ---
"အဲဒါ ပညာရှင်အကွက်တွေ မင်းမသိသေးပါဘူး ---"
DingZeren မှာ နားလည်ဟန်မတူသေး ZhengTing သေချာရှင်းပြမှဖြစ်မည်ဟု ယူဆကာ နားနားကပ်ပြီးမှ
"CaiXukun ခုံဘေးက နံရံမှာထောင်ထားတဲ့ ထီးကိုကြည့်လိုက် --- အကြီးကြီးပဲ တွေ့လား နှစ်ယောက်အေးဆေးဆောင်းလို့ရတယ် ဆိုပြီး ငါသတိထားမိတာကြာပြီ မနေ့ညက မိုးလေဝသသတင်းကြားတည်းက စဥ်းစားမိသွားတာ --- ဒီနေ့က သူသန့်ရှင်းရေးတာဝန်ကျလို့ အားလုံးထက်နောက်ကျမှ ပြန်ရမှာ --- ငါက တခုခုအကြောင်းပြပြီး မင်းတို့နဲ့ အတူမပြန်ဘူး ---- ထီးလည်းမပါ သနားစရာကောင်းတဲ့အလှလေး ငါ့ကို သူဒီအတိုင်းထားရက်မှာ မဟုတ်ပါဘူး အဟက်ဟက်ဟက် အချောလေး မင်း ပြေးစမ်း---"
DingZeren သည် သူ့စကားနားထောင်အပြီး တဝေါ့ဝေါ့ လုပ်ပြကာ
"မင်းက ကျောင်းလည်းပြေးသလို မကောင်းတဲ့နေရာမှာတော့ ဥာဏ်ပြေးတာပဲ လုံးဝ အမြီးကိုးချောင်းပဲ ---"
သူထိုကဲ့သို့ အကွက်စေ့စွာ လုပ်ထားပါသော်လည်း ----
CaiXukun သန့်ရှင်းရေးလုပ်နေသည်ကို စောင့်နေရင်းပင် သူအိမ်သာတက်ချင်လာသဖြင့် ထွက်သွားတာ ဘယ်လောက်မှမကြာ အခန်းထဲ ပြန်ရောက်ချိန်မှာတော့ CaiXukun က မရှိတော့ပေ သူ့အတွက်တော့ ခုံပေါ်တွင် ဆောင်းနေကျ ထီးရှည်ကို ထားပေးခဲ့သည်
"CaiXukun --- လူဆိုးကောင် --- မိုးတွေ အဲ့လောက်သည်းနေတာကို ရအောင် ထွက်ပြေးသွားသေးတယ် ---"