ကြယ်တွေကိုရေတွက်ခြင်း
လေပြည်ညှင်းတွေကို ထိတွေ့ခြင်း
ချစ်ရသူကို ငေးကြည့်ခြင်း။ဒီသုံးချက်နဲ့တင် လုံလောက်တဲ့ပျော်ရွှင်ကြည်နူး
မှုကို ထယ်ယောင်း ခံစားရပါသည်။ပျော်ရွှင်နေ
ရတဲ့သူ မရှိသလောက် ရှားတဲ့တိုင်းပြည်လေးမှာ
ထယ်ယောင်းကတော့ ထူးထူးဆန်းဆန်း ပျော်နေတတ်တဲ့လူသားလေးတစ်ယောက်ဖြစ်ခဲ့သည်။ဤနေရာ။ဤဌာနီ။ဤတိုင်းပြည်။
ကျိန်စာသင့်နေတဲ့ဤနေရာဟာ အဆုံးမရှိသော
သမုဒ္ဓရာတွေ ဝန်းရံနေသည်။အိမ်နီးချင်းနိုင်ငံ၊
အိမ်နီးချင်း တိုင်းပြည် မရှိ။လူနှစ်သိန်းလောက်
နေထိုင်နေကြသော ကျွန်းအကြီးကြီးတစ်ခု ဟု
ပင် ခေါ်ဆိုနိုင်ပါသည်။ရှင်ဘုရင်တွေသည် လူဦးရေထပ်မတိုးပွားလာဖို့
ဦးစားပေး စီမံသည်။မချစ်ကြိုက်ရ၊မထိမ်းမြှား
ရ ဆိုတဲ့အမိန့်မျိုး ချမှတ်ထားသည်။"ဒီကျိန်စာကို ဒီမှာပဲ အဆုံးသတ်ရအောင် ..
ငါတို့မှာ မျိုးဆက်မရှိဘူး ငါတို့ဟာ နောက်ဆုံး
ဒီကျိန်စာကြီးမှာ ကျန်ရစ်ရမယ့် သူတွေပဲ .."ပျော်ပွဲရွှင်ပွဲတွေ ရှိသည်။ဆုတောင်းပွဲတွေ ရှိ
သည်။ကလေးငယ်လေးများဆိုတာ လုံးဝကို
မတွေ့ရတော့တဲ့ သတ္တဝါလေးတွေဖြစ်သည်။
အကယ်၍ ချစ်သူနှစ်ဦးသည် မတတ်သာတဲ့
အခြေအနေကြောင့် လက်ထပ်ဖြစ်ခဲ့ပါသည်
ဆိုပါက ရှင်ဘုရင်၏ပြစ်ဒဏ်ပေးခြင်းကို ခံရ
ပါလိမ့်မည်။ထိုဇနီးမောင်နှံနှစ်ဦးကို အဆုံးမရှိ
သော ပင်လယ်ကြီးထဲတွင် ရွက်လွင့်စေမည်။
ဤပင်လယ်တွေမှာ အဆုံးမရှိသလို၊ပြန်လမ်း
လည်း မရှိခဲ့ပါ။ဒါကြောင့် ဤစီရင်မှုကလည်း
သေဒဏ်နှင့်မခြား။"ထယ် ဘာတွေစဥ်းစားနေတာလဲ ..."
ဘေးနားကနေ ထွက်ပေါ်လာတဲ့ ချိုချိုသာသာ
အသံငယ်လေးက ထယ်ယောင်းကို လှုပ်ခါနှိုး
လိုက်သည်။"အော် ရောက်လာပြီလား မေ .."
"အင်း၊နည်းနည်း နောက်ကျသွားတယ် .."
အမျိူးသမီးလေးက အားနာဟန်နှင့် ခပ်ရို့ရို့
ဘေးမှာ ဝင်ထိုင်လိုက်သည်။
YOU ARE READING
Where are you ?(Edited Version)
Fanfictionedited version for you all .. my second vmin fiction { Unicode+Zawgyi }