The Truth Untold

116 5 9
                                    

Unicode

ဘာမှ မရရင်တောင် နောင်တတော့ရမှာပါ😂😂😂
______________________________________________

Supermarket ကို ဘယ်နှစ်လောက်မှန်းမသိ ပတ်ပြီး ဝယ်လာတဲ့ အထုပ်တွေ လက်နှစ်ဖက်အပြည့်နဲ့ ကျန်းထင် အိမ်ပြန်လာလိုက်သည် ။ မဖိတ်ထားတဲ့ ဧည့်သည်က အတင်းအိမ်လာလည်မည်ဆို၍ပင် ။ လာလည်သည်က အကြောင်းမဟုတ်ပေမယ့် ပါးစပ်အငြိမ်မနေတဲ့ ဧည့်သည်ကို ညစာတနပ်တော့ ကျွေးရဦးမည် ။

ကျန်းထင်အိမ်လေးက အိမ်ခြေတွေနဲ့ သိပ်မဝေးပေမဲ့  တောင်ကမူပြေပြေလေးပေါ်မှာ တစ်သီးတစ်သန့်လေး ဖြစ်တည်လို့နေသည် ။ မကျဉ်းမကျယ်ခြံလေးက ပတ်ပတ်လည်မှာ စိုက်ထားတဲ့ အပင်ငယ်တွေနဲ့ အေးအေးချမ်းချမ်းလေး ။ သစ်သားနဲ့ သစ်ရောင်ကို အဓိကထားသုံးပြီး ဒီဇိုင်းထုတ်ထားတဲ့ အိမ်လေးက သေသေသပ်သပ်နဲ့ တကယ်ကို နေချင်စရာလေးဖြစ်၏ ။

ခုလက်ရှိ ရာသီမျိုးဆိုရင်တော့ နည်းနည်း အဆင်မပြေဘူးဆိုတာတော့ ကျန်းထင် ဝန်ခံသည် ။ တစ်သီးတစ်သန့် ဖြစ်တည်ချင်လွန်းတော့ အကာအကွယ်မရှိတဲ့ ဒဏ်အလူးအလဲခံရ၏ ။ ခုတောင် လမ်းလျှောက်နေရင်း လေတစ်ချက်တိုက်လိုက်ရင်ကို အရိုးထဲ စိမ့်ခနဲနေအောင် အေးသည် ။ အကွာအဝေးကျဲကျဲနှင့် တည်နေတဲ့ လမ်းမီးတိုင်အလင်းက ပျိုးပျိုးပြောက်ပြောက် လင်းတယ်ဆိုရုံလေးပင်။

"မင်း အိမ်တစ်ခါလာရတာ ခက်ခဲလိုက်တာ..."

သူ့အိမ်လာတဲ့အခာတိုင်း ဝမ်ကျွင့်ပြောတတ်သည်ကို ကျန်းထင် အမှတ်ရမိသည် ။ အားကစားလုပ်ရတာ မကြိုက်ပါဘူးဆိုတဲ့ ဝမ်ကျွင့်က တမျှော်လောက်လမ်းလျှောက်လာရလျှင်ပင် ဆိုဖာပေါ်ခြေပစ်လက်ပစ် ဖြစ်နေတတ်သည် ။

ဆောင်းတွင်းလေက ပိုအေးလာလေလေ ကျန်းထင်ခပ်သွက်သွက်လျှောက်မိလေလေပင် ။ ခြံတံခါးကို လှမ်းမြင်ရတော့ ဒူးနှစ်ဖက်ပိုက်ရင်း ငုတ်တုတ်ထိုင်နေတဲ့ ဝမ်ကျွင့်ကိုပါ တစ်ခါတည်း တွေ့လိုက်ရသည် ။ သူရောက်လာသည်ကိုပင် သိပုံမပေါ် ကျုံ့ကျုံ့လေးထိုင်ကာ ခေါင်းငိုက်စိုက်ကျနေသည် ။

" ဝမ်ကျွင့် "

ကျန်းထင်ခေါ်လိုက်တော့ ဝမ်ကျွင့်က လှမ်းကြည့်သည် ။ သို့သော် အပြုံး၊ အရယ်ကမရှိ။

Biting One Shot (毕廷)Where stories live. Discover now