Chapter 77

3.5K 303 7
                                    

ရက်အနည်းငယ်အကြာ။
မိုးမလင်းခင်အချိန် Shin အိပ်ဆောင်တော်မှာ မိဖုရားကြီးနှင့်အတူ အိပ်စက်နေတုန်း ကျယ်လောင်တဲ့အချက်ပြသံကြောင့် သူဆတ်ခနဲနိုးလာခဲ့သည်။ ခေါင်းအုံးဘေးမှာ အမြဲရှိနေတဲ့ဓားကို ကိုင်လိုက်ပြီး ခုတင်ထက်ကနေထလိုက်သည်။ သူတင်မကLuliပါ အိပ်ရာကနိုးလာခဲ့သည်။ အပြင်ထွက်ဖို့ပြင်ဆင်နေတဲ့ Shinကို Luli လှမ်းမေးသည်။

" အခုနကဘာအသံလဲဟင်။ "
" နန်းမြို့ရိုးက အချက်ပြသံ။ ကိုယ် အပြင်ထွက်လိုက်ဦးမယ်။ မင်းကသမီးတွေနဲ့အတူ သွားနေလိုက်နော်။ ကိစ္စကိုသိတာနဲ့ကိုယ်ပြန်လာခဲ့မယ်။ "
" ဂရုစိုက်ပါ။ "

Shinက နှုတ်ခမ်းအစွန်းကော့တက်သွားရုံပဲ ပြုံးကာအဆောင်တော်ပြင်ပကိုထွက်လာခဲ့သည်။ အပြင်မှာ အသင့်စောင့်နေတဲ့ Liကုန်းကုန်းနဲ့အတူ နန်းမြို့ရိုးကို သွားခဲ့သည်။ နန်းမြို့ရိုး၎ခုအနက် အသံထွက်ပေါ်လာတာ အနောက်ဖက်နန်းမြို့ရိုးဖြစ်ပြီး အစောင့်အပ်ြအနည်းဆုံး ထားထားတဲ့နေရာဖြစ်သည်။ Shin အနောက်ဘက်မြို့ရိုးကိုရောက်လာတော့ အလုပ်များနေတဲ့စစ်သည်တစ်ချို့နဲ့အတူ အနည်းငယ်ပျက်စီးသွားတဲ့ တံတိုင်းကိုမြင်ရသည်။ စစ်သည်တွေဟာ Shinကိုမြင်တဲ့အခါ ကြောက်လန့်စွာနဲ့ ဒူးထောက်ခစားကြရသည်။

" မင်းကြီးကို အရိုအသေပေးပါတယ်။ "

Shin မျက်မှောင်ကြုံ့ပြီး သူ့မျက်လုံးကိုအထက်အောက် ဘယ်ညာရွှေ့ကြည့်သည်။ အထက်ကိုသူမော့ကြည့်လိုက်တဲ့အခါ LaoZiကို မြို့တံတိုင်းမျှော်စင်ထက်မှာ စီမံနေတာကိုလည်းမြင်ရသည်။ မြို့ရိုးပေါ်မှာ LaoZiတင်မက Ribo Leiလည်း အပျက်အစီးတွေကို နောက်လိုက်တွေနဲ့အတူ ရှင်းထုတ်နေတာမြင်ရသည်။ Liကုန်းကုန်းက စစ်သည်တွေကိုမေးမြန်းပြီးနောက် Shinကိုလျှောက်တင်လာသည်။

" မှန်လှပါ မင်းကြီး။ ငါးလက်ချားပြည်က တိုက်ခိုက်သူတွေလို့ ထင်ရကြောင်းပါ။ "
" ငါးလက်ခြားက အခုထိငါတို့ကိုရန်စရဲတုန်းပဲလား။ ပြည်နယ်သေးသေးလေးမို့ သူတို့ကိုခွင့်လွှတ်ထားတာ ကိုယ့်အဆင့်ကိုယ်မသိတဲ့ဟာတွေ .... "

Shin လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း မြေပေါ်ကကျောက်ခဲစကို ကောက်ယူလိုက်သည်။ ပြီးနောက်မြို့ရိုးပေါ်မှာအလုပ်လုပ်နေတဲ့ Ribo Leiဆီကို ကျောက်ခဲတစ်ခဲပစ်လိုက်သည်။ အရှိန်မနည်းမများတဲ့ကျောက်ခဲဟာ Ribo Leiရဲ့လက်မောင်းကို တည့်တည့်ထိမှန်သည်။ Ribo Lei ကျောက်ခဲလာရာဘက်ကိုရှာဖွေတဲ့အခါ အောက်ဘက်ကနေပြီး သူ့ကိုလက်ပြခေါ်နေတဲ့ Shinကို မြင်လိုက်ရသည်။

My Rude Husband ( Zawgyi and Unicode )Donde viven las historias. Descúbrelo ahora