(Unicode)
မိုးရွာနေ၍လားမသိ ကားလမ်းသည် အတော်လေးပိတ်လေ၏ မိုးကလည်းမစဲနိုင် ပိုလို့ပင် သည်းသည်းမည်းမည်း ရွာနေတော့သည် သို့သည်တိုင် ထိုအခြေအနေကို ZhengTing တော်တော်ကို သဘောကျပါ၏
သူခြုံပေးသည့်မိုးကာကို အားရပါးရ ဝတ်ပြီး ပီတိတွေဖြာလို့ ---- အနံ့နည်းနည်းရနေပေမယ့်ပေါ့
Xukun ကတော့ ဘီးလိမ့်ရုံသာ လိမ့်နေရသော လမ်းအခြေအနေကြောင့် မိုးမိထားေသာ ZhengTing ကို အားနာနေသည်
"ZhengZheng အဆင်ပြေရဲ့လား ငါ့ကားပေါ်လည်း အဲ့မိုးကာတထည်ပဲပါတယ် ဒါတောင် FanChengCheng လေ ပြာတိပြာယာနဲ့ ကျန်ခဲ့တဲ့ သူ့မိုးကာ ---"
(ဘာ --- မျက်နှာပြောင်စပ်စပ်ကောင်ရဲ့ဟာလား အဲ့ဒါကြောင့် မိုးကာအကျီက ညှီစို့စို့ ဖြစ်နေတာကိုး)
စိတ်ထဲမကြည်သလိုဖြစ်သွားတာကြောင့် စတီယာရင်ပေါ်လက်တင်ပြီး ရှေ့ကိုပဲ ကြည့်နေသော Xukun ကို မျက်စောင်းထိုးကြည့်ရင်း
"မင်းက မိုးမိတဲ့ လူတိုင်းကို ကားပေါ်တင်နေတာပဲလား ---"
"ဟင့်အင် လူတိုင်းတော့ မဟုတ်ပါဘူး --- ခင်မှပါ ဘာလို့လဲဟင် ---"
ZhengTing သည် Xukun သူ့ကိုမကြည့်ရင် မကြိုက်သလို မျက်လုံးချင်းဆုံရင်လည်း မနေတတ်
(ကောင်ဆိုးလေးက ဘာလို့ စကားပြောရင် လူကို စိုက်ကြည့်ရတာလဲ)
"ဘာမှ မဟုတ်ပါဘူး ---"
သူဟိုဘက်လှည့်သွားသည့်တိုင် Xukun ကတော့ သူ့ကိုကြည့်ရင်း စကားဆက်သည်
"ChengCheng က တက္ကသိုလ်တက်တုန်းက လန်ဒန်မှာ တွေ့ခဲ့တဲ့ သူငယ်ချင်းလေ ညီအကိုလို ခင်တာ
အခု ပေကျင်းပြန်ရောက်လို့ စားသောက်ဆိုင်ဖွင့်တော့လည်း စပ်တူပေါ့
ဒီနေ့ သူဆိုင်ထိုင်အလှည့်မို့လို့သာ ZhengZheng နဲ့ ဆုံရတာ---""ဟယ် ---"
(Justin --- Justin မင်းမတော့ စျေးဗန်းမှောက်ရုံမက သိမ်းမယ့်စည်ပင်ပါ အသင့်ရှိသွားတာပေါ့ နှစ်ထောင်းအားရရှိလိုက်တာ ဟယ်)
Xukun စကားအဆုံးတွင် ZhengTing တယောက် အိန္ဒြေဆည်ထားသည့် ကြားကပင် ထရယ်မိသည်