အထာကျတဲ့ အချစ်
WiYO love 28
Part 28" တွေ့ရတာ ဝမ်းသာ ပါတယ် CEO shi "
YoYo ရဲ့ အေးစက်စက်လအပြုံးက သူ့ ကို လှောင်ရယ်နေသလိုပင်
ငါးနှစ်အတွင်း ပြန်လည်တွေ့ဆုံမှု က သူ့ ကို သာ အံ့သြစေပြီး
YoYo ကို ဘာမှမအံသြစေဘူးလားဒါဆို YoYo က အစောကြီးကထဲက သူ့ အကြောင်းတွေ သိသည်ပေါ့
" Baby Yo မင်း "
" ကျွန်တော့်နာမည် YoYo ပါ The sun က တာဝန်ရှိသူ တစ်ယောက်ပါ Luna project အတွက် လာရောက် ပူးပေါင်းတဲ့ ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်သူ တစ်ယောက်ပါ Ba by yo မဟုတ်ပါဘူး "
" ဒါပေမယ့် ကို "
" luna Project အတွက် ဒါတွေက ကျွန်တော်တို
့ပြင်ဆင်လာတာတွေပါ တစ်ချက်လောက်ကြည့်ပေးပါဦး "မင်မိုရီ စတစ်ထ် လေး အား သူ့ လက်ထောက်ကို ပေးလိုက်ပြီး
Project အကြောင်း ဆက်ဆွေးနွေးနေတော့ သူ yoyo အား
စကားပြောဖို့  ဘယ်လိုမှ မတက်နိုင် ။
စကားပြော မရသည့်အတူတူ
wiwi လဲ project အကြောင်း
စိတ်အားထက်သန်စွာ ရှင်းပြနေသည့် YoYo မျက်နှာလေးကိုပဲ
ငါးနှစ်တာ အလွမ်းပြေ ထိုင်ကြည့်နေလိုက်တော့သည်။" ဒါဆိုရင် ကျွန်တော်တို့  ဒီProjet ကို တစ်လအတွင်း အပြီးသတ်ပါ့မယ် CEO အနေနဲ့ ဘာ များ ထပ် မှာကြားချင်ပါသေးလဲ "
YoYo. သူ့  ကိုပဲကြည့်နေတာ သိလို့  အလုပ် ကိစ္စဘာမှန်းမသိလိုက်သည့် wiwi အား မေးလိုက်သည်။
သူကလဲ အယောင်ယောင်အမှားမှားဖြင့်
"ဟင် အင်းမရှိပါဘူး မရှိပါဘူး အင်း
ဒါပေမယ့် YoYo နဲ့ ကျွန်တော် စကားနည်းနည်းပြောချင်ပါတယ်
အဆင်ပြေမယ်ဆိုရင် ဆိုင်တစ်ဆိုင်မှာပဲ ဖြစိဖြစ် "" ရပါတယ် ကျွန်တော် အချိန်ပေးနိုင်ပါတယ် "
YoYo က WiWi မကြိုက်သည့် စကားဖြတ်ပြောခြင်းကို ပြုလုပ်လိုက်ပေမယ့်လဲ WiWi တကယ်ကို ထခုန်မိမတက် ပျော်သွားရပါသည် ။
ငါးနှစ်လုံးလုံး သတင်း အစအန မရ ပျောက်ဆုံးနေရသည့်ချစ်ရသူလေးကို အခုလို ပြန်တွေ့ ရတော့ မပျော်တဲ့သူ ရှိပါဦးမလား ။အစည်းအဝေးခန်းထဲ က အကုန်လုံးထွက်သွားသည်ထိ
ထိုင်စောင့်ရင်း စားသောက်ဆိုင် ကောင်းကောင်းတစ်ခု ကို
Booking လုပ်ထားရန် အတွင်းရေးမှုးအား message လှမ်းပို့ထားလိုက်သည် ။
YOU ARE READING
အထာကျတဲ့ အချစ်
Teen Fictionအချစ်က ထူးဆန်းတယ် ဒါပေါ့ အချစ်က တကယ် ထူးဆန်းတာပေါ့ လွယ်လွယ် ချစ်ပြီး လွယ်လွယ်မေ့ပျောက်တက်သလို လွယ်လွယ်ချစ်ပြီး တစ်သက်လုံးမေ့ပျောက်လို့ မရတဲ့ အချစ်လဲရှိပါတယ် အချစ်ကြောင့်ရှင်သန်နိုင်သလို အချစ်ကြောင့် လဲသေဆုံးစေနိုင်ပါတယ် တကယ် တော့ အချစ်ဆိုတာ ဖမ...