Zawgyi
13 April 2015
အချိန်အား ဖြင့် ညနေ ၄နာရီ ။
ဒီနေ့ ကျောင်းသားဟောင်း တွေ့ဆုံပွဲကြောင့် ရှောင်းကျန့် တစ်ယောက် မှန်ရှေ့မှာ ပြင်ဆင်နေရတယ် ။ အမှန်တော့ ဒီပွဲကို သူတကယ်မတက်ချင်ပါ ။ တရုတ်ကိုပြန်ရောက်ပြီး ၃နှစ်ကြာသည်ထိ အကြောင်းအမျိုးအမျိုးနဲ့ ငြင်းခဲ့ပေမယ့် အခုတော့ အားနာတာက တစ်ကြောင်း သူငယ်ချင်းတွေရဲ့ မင်းမလာရင် ငါတို့နဲ့ ရှင်ခန်းပြတ်ပဲ ဆိုပြီး ခြိမ်းခြောက်မှုကြောင့် ဒီနေ့တော့ သူသွားရလိမ့်မည် ။ပေါ့ပေါ့ပါးပါးတီရှပ်နဲ့ ဂျင်းဘောင်းဘီကိုသာ ဝတ်လိုက်ပေမယ့် သူ့စိတ်ထဲမှာ လေးလံနေတယ် ။ မှန်ထဲက ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး.....
"ရှောင်းကျန့် မင်းလုပ်နိုင်တယ် Fighting! "
ရှောင်းကျန့် ကိုယ့်ကိုကိုယ် အားပေးလိုက်သည် ။
တကယ်လဲ သူလာချင်မှ လာမှာပါ ။ သူနဲ့ တွေ့ချင်မှ တွေ့မှာပါ ။စိတ်ကိုလျှော့ပီး ကားသော့ဆွဲပြီး အပြင်ထွက်ခဲ့လိုက်တယ် ။ တစ်ယောက်တည်းနေတဲ့သူမို့ ရှောင်းကျန့်အတွက် စိတ်ပူစရာမရှိပေ ။ ပြန်လာ နောက်ကျကျမကျကျ စိတ်ပူမယ့်လူ မရှိသလို ကြိုဆိုမယ့်သူလဲ အိမ်မှာမှ မရှိတာမို့ သူ့ဘဝက အေးချမ်းပါတယ် ။
အကယ်၍ တစ်စုံတစ်ယောက်ကို ပြန်မတွေ့ဖြစ်ခဲ့ရင်ပေါ့ ။
ပွဲက ည၆နာရီ ။ ရှောင်းကျန့် ရောက်လာတော့ ၆နာရီထိုးနေပြီမို့ ကားပါကင်ကနေ မြန်မြန်ထွက်လာခဲ့လိုက်တယ် ။
" ဝေ့ ရှောင်းကျန့်! ရောက်ပြီးလား လာဒီကို "
ပွဲခန်းမထဲ ဝင်လာသည့်သူ့ကို တွေ့သည်နှင့် ကျန်းချန်ကလှမ်းခေါ်လေသည် ။
"အေး ကျန်းချန် "
ပြောပြီး ရှောင်ကျန့်သူတို့ ဝိုင်းကို လျှောက်သွားလိုက်တယ် ။
" ရှောင်းကျန့်ပဲ တို့ကျောင်းရဲ့ယုန်ဖြူလေး "
" အယ်အယ်....ကျန့်ကျန့်တို့က လာတယ်ပေါ့ "
" ငါတော့ ထီထိုးရတော့မလားဘဲ "
တစ်ယောက်တစ်ပေါက်နဲ့ ညံကုန်ကြလေသည် ။
ရှောင်းကျန့်လဲ အရှက်ပြေ အကုန်လုံးကိုသာ ပြုံးပြလိုက်ရတယ် ။
YOU ARE READING
L O V E [YIZHAN]
FanfictionYiZhan အကယ်၍ မင်းမရှိခဲ့ရင် ဒီအတိတ်တွေ မရှိခဲ့ရင် ငါလဲ ကြေကွဲနေရမှာ မဟုတ်ဘူး.. ဒါပေမယ့် အခွင့်ရှိသေးမယ် ဆိုရင်လဲ ငါမင်းကိုပဲ ဆက်ချစ်နေမှာပါ ။ 22Dec2019 Credit cover.