အပိုင်း ၂

15.9K 1.2K 9
                                    

When you love someone
You'll want to stay beside him.

တစ်စုံ တစ်ယောက်ကို ချစ်မိလာတဲ့အခါ
သူ့ဘေးနားမှာဘဲ မင်းနေချင်လာလိမ့်မယ်.

                 ***************
Flashback
2010 ရှင်းဟွာ အထက်တန်းကျောင်း

ဒီနေ့က နှစ်တစ်နှစ်ရဲ့ နောက်ဆုံး စာမေးပွဲ ဖြစ်သလို
နောက်ဆုံး အတန်းလဲဖြစ်တယ် ။ ပြီးရင်တော့ ကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ တက္ကသိုလ်တွေကို တက်ရောက်ကြရတော့မှာ ဖြစ်တယ် ။

ရိပေါ် ကျောင်းရှေ့အုတ်နံရံကို မှီပြီး တစ်စုံတစ်ယောက်ကို စောင့်နေတယ် ။ စိတ်ရှည်တဲ့လူမျိုးမဟုတ်တာကြောင့် သူ့စိတ်တွေကိုအတင်းဆွဲဆန့်ထားရသည် ။

" ဘာတွေဖြေနေလို့ ဒီလောက်ကြာနေတာလဲ ကိုကိုရာ ။ ကျွန်တော် စိတ်မရှည်တာကို သိတဲ့လူက ။ ဟူး... "

ဒီနေ့ကစာမေးပွဲ နောက်ဆုံးနေ့ဖြစ်လို့ အိမ်က ထွက်လည်ခွင့်ပေးထားတယ် ။ ကိုကို နဲ့ရုပ်ရှင်ကြည့် မုန့်စားပြီး date မယ်လို့တွေးထားပေမယ့် ဘာတွေ ဖြေနေလို့ ခုထိ ထွက်မလာသေးတာလဲ ။ မျက်မှောင်ကြုံရင်း ထွက်လာတဲ့ကျောင်းသားတွေကိုကြည့်နေပေမယ့် သူစောင့်မေတဲ့သူကိုတော့ အခုချိန်ထိမတွေ့ရသေး ။

" နေအုံး စာမေးပွဲက ငါ့ထက်အရေးကြီးနေတာလား "

ရိပေါ် ခပ်ညစ်ညစ်တွေးပြီး ခြေထောက်အောက်က ခဲလုံး ဆီကိုသာဒေါ်သစုပုံကျသွားတော့သည် ။ ဒါပေမယ့် ဘယ်လောက်စိတ်ဆိုးဆိုး ကိုကို့ကိုတော့ အသံမာမာနဲ့ တစ်ခါမှမပြောခဲ့ဖူးပေ ။ အကြောင်းက  သူမှားလဲ သူပဲချော့မည် ။ ကိုကိုမှားလဲ သူပဲချော့မည်ဟု ခံယူထားတာကြောင့်ပင် ။ 

" ရိပေါ်!  ရိပေါ်! "

လာပါပြီး ။ တကယ့်ကို အူးယားဖားယားနဲ့ သူ့ဆီကို ပြေးလာသည် ။

" ကိုကိုရာ ဖြေးဖြေးလာလဲရတယ် "

" မင်းမစောင့်ဘဲ ပြန်သွားမှာဆိုးလို့လေ "

လက်က ဒူးကိုကိုင်ပြီး ကုန်းကုန်းရီးနဲ့ အမောဖြေနေရင်း သူ့အမေးကိုလဲမော့ရင်းပြန်ဖြေနေသေးသည် ။ ရိပေါ်လဲ သူ့ယုန်ဖြူ လေးရဲ့ လွယ်အိတ်ကို ကောက်ယူပြီး...

L O V E  [YIZHAN]Where stories live. Discover now