Part 7

6.8K 641 18
                                    

<Unicode>

အိမ်ရောက်တော့ မနက်၂နာရီ
ဖေဖေတို့လဲ အိပ်နေကြရောပေါ့
တံခါးအသာလေးဖွင့်ကာ ခြေသံဖွရင်း ငယ့်လက်ကိုဆွဲပီးဝင်လာတော့

"အဟမ်း!"

"အမလေး ပလုတ်တုတ်! လန့်လိုက်တာဖေဖေရာ ဘာလုပ်နေတာလဲအမှောင်ထဲထိုင်ပီး"

"မင်းတို့ပြန်အလာစောင့်နေတာလေ ငါ့သမက်လေးကိုမင်းစိတ်ညစ်အောင်လုပ်လို့ မင်းကိုထောင်းမလို့"

"မဟုတ်ဘူးဖေဖေ ဂျွန်က သားကိုရှင်းပြပီးပီ သားကသာအထင်လွဲသွားတာ"

"ဘာပဲဖြစ်ဖြစ် ဒီကောင်မှားတာပဲ ဘာလို့အင်္ကျီတွေပါငှားရတာလဲ"

"ဟိုကလဲမိန်းကလေးဆိုတော့ဖေဖေရယ်.."

"သားထယ် တိတ် ဒီကောင့်ကိုလွှတ်မထားနဲ့နော် ဒီကောင်သားကိုအနိုင်ကျင့်ရင်ပြော"

"မကျင့်ပါဘူးဖေဖေရဲ့ သားကိုအရမ်းဂရုစိုက်.."

"သားကတော့သုကိုချစ်လို့အပြစ်မမြင်ပေမဲ့ ဖေဖေကတော့ဒီကောင့်ကိုနာရင်းကြီးအုပ်ချင်တာ"

*နေပါအုံး နေပါအုံး ဖေဖေကဘာဖြစ်?
ငယ်ကတောင်ခွင့်လွှတ်နားလည်နေတာ ဖေဖေက..
အမလေး သားချင်းမှားနေသလားပဲ နာရင်းတောင်အုပ်ချင်နေသတဲ့ ဟွန့်*

"ဟိုအကောင် မျက်လုံးပြူးကြည့်မနေနဲ့ ထွက်ကျသွားအုံးမယ်"

*တဆိတ် ဖေဖေဘာဖြစ် အော်တိုပြူးတဲ့မျက်လုံးကိုရန်ရှာနေပြန်ပီ*

"အော်တိုပြူးပါဖေဖေ"

"မင်းဘာသာမင်းဘယ်လိုပြူးပြူး ငါ့ရှေ့လာမပြူးနဲ့"

"ဖေဖေသားကိုအရမ်းနှိပ်ကွပ်နေတာပဲ"

"နှိပ်ကွပ်နေတာမဟုတ်ဘူး လင်မထပ်ရသေးဘူးလမ်းမှားမရောက်အောင်ပြောနေတာ"

"သားကဘာမှားလို့လဲလို့"

"ကောင်မလေးတွေကချောတာဆိုငမ်းငမ်းတက် မူယာမာယာကသိပ်များ အဲ့အကွက်တွေထဲဝင်သွားမှာစိုးလို့ဟေ့ သိပီလား"

"ဟာာာ ချစ်ဖေကြီး ဖေဖေကသားကိုစိတ်ပူနေတာကိုးးး အဲ့တာကြောင့်ချစ်တာ မွ"

𝑴𝒚 𝒆𝒚𝒆𝒔 𝒂𝒓𝒆 𝒂𝒍𝒘𝒂𝒚𝒔 𝒐𝒏 '𝒀𝒐𝒖' *Completed*Donde viven las historias. Descúbrelo ahora