အပိုင်း ( ၃၂ )

888 84 35
                                    

[ Zawgyi ]
----------------

တတိယနှစ်ကျောင်းပြန်ဖွင့်ချိန်ဟာ ပယင်းအတွက်တော့ သာမာန်ရက်တစ်ရက်နှင့်မခြားပါ … ။

ပထမနှစ် ဒုတိယနှစ်ထိတိုင် ကျူရှင်နဲ့ကျောင်း … ကျောင်းနဲ့အိမ်ချည်းသာ ကူးချည်သန်းချည်ဖြင့်ဖြတ်သန်းခဲ့ရသည်မလား ??? ဝါသနာပါသောဘာသာရပ်ကိုသင်ကြားနေရသူမို့သာ သူမအဖို့မပျင်းရိနိုင်ပဲတက်ကြွနေရတာဖြစ်သည် ။ သူမအတွက်ကတော့ပျင်းချိန်ဆိုတာမရှိပါဘူး ။ ရွှန်းလဲ့နဲ့နဒီတို့နှင့် တစ်ခါတစ်ရံအပြင်ထွက်ဖြစ်သလို စာလုပ်ရင်လည်းတူတူလုပ်ဖြစ်ကြသည် ။

အိမ်မှာနေရင်လည်း ရန်နောင်နဲ့သွင်သစ်လည်းရှိ၏ ။ တစ်ခါတစ်လေ ပိုင်စေ့ရဲ့အိမ်ကိုအတူသွားဖြစ်ရုံမက ပိုင်စေကလည်းသူမတို့ဆီကိုလာလည်တတ်ပါသည် ။ ဒါကြောင့်သူမအတွက်တော့ နေ့ရက်တိုင်းဟာပျော်ရွှင်မှုကြီးသာ ။ ဒါကို ကံတရားကကြည့်မနေနိုင်ပဲ တစ်စုံတစ်ရာအားသူမတို့အားလုံးရဲ့ကြားထဲသို့ ဖန်ဆင်းပေးခဲ့သည့်နေ့ဟာဆိုရင်ဖြင့် ……… ။

" ရောက်နေတာကြာ "

သူမတို့သူငယ်ချင်းမတွေ တွေ့နေကြကျောင်းဝန်းထဲရှိသစ်ပင်ကြီးရဲ့အောက် ခုံတန်းလေးသို့ရောက်ချိန် ရွှန်းလဲ့နဲ့နဒီကိုတွေ့၍လှမ်းနူတ်ဆက်တော့ သူမဆီသို့ပစ်ဝင်လာသော နဒီ့ရဲ့ခန္ဓာကိုယ်ကြောင့် အမြန်ပွေ့ဖက်လိုက်ရသည် ။

အစကတော့ နဒီ သူမကိုစနေတာဟုထင်၍ ရုန်းဖယ်ရင်းတွန်းပစ်သောအခါ နဒီဆီကနေငိုသံကြီးဖြင့် သူမရဲ့နာမည်ခေါ်သံကိုကြားလိုက်ရလေတယ် ။

" ပယင်း … ပ ယင်း ! "

" ဟင် … နဒီ ! နဒီ နင်ဘာဖြစ်တာလဲ ? "

ရွှန်းလဲ့ကိုလှမ်းကြည့်တော့ စိတ်မကောင်းတဲ့မျက်နှာဖြင့်ခေါင်းအသာခါပြ၍ သူမသူငယ်ချင်းကို သူမစိုးရိမ်သွားခဲ့သ ည် ။ နဒီဟာပျော်ပျော်နေတတ်သူတစ်ယောက်မို့ ယခုလိုသူမနဲ့တွေ့ချိန်ငိုကြီးချက်မ ဖြစ်တာထူးဆန်းလွန်းမကထူးဆန်းပါ၏ ။ တဆက်ထဲဆိုသလို ပူပန်သွားသောစိတ်ကြောင့် နဒီ့ရဲ့ကျောပြင်ကိုခပ်ပွပွပုတ်ပေးရင်းမေးရပြန်သည် ။

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now