Part 7

513 28 0
                                    

Unicode version

ဒီလိုနဲ့သူတို့ရောက်ချင်တဲ့မနက်ကိုရောက်လာကြတယ်
သူရနဲ့အောင်သူကလည်းရှိုးအပြည့်နဲ့ကျောင်းဝန်းထဲကသစ်ပင်ကြီးရဲ့ခုံတန်းပေါ်မှာထိုင်ပြီး‌မြတ်နိုးနဲ့ရတီအလာကို‌ေစာင့်နေကြတယ်
မြတ်နိုးလဲရတီအိမ်ကိုဝင်ခေါ်ပြီးတော့ကျောင်းကိုတန်းပြီးမောင်းလာခဲ့တယ်ဒါပေမဲ့ကားလမ်းတေကလဲပိတ်နေတော့ချိန်ထားတဲ့အချိန်ထက်နာရီဝက်ကျော်ကျော်လောက်နောက်ကျသွားခဲ့တယ်
ကျောင်းရောက်တော့သူရနဲ့အောင်သူကိုနှစ်ယောက်သားရှာလိုက်ရတာမတွေ့ဘူး
"ရတီမနေ့ကငါတို့ကိုဒီနေရာမှာချိန်းထားတာပါနော့"
"အေးလေ"
"ခုသူတို့လည်းမတွေ့ဘူး ငါတို့မလာဘူးဆိုပြီးစိတ်ဆိုးပြီးဒီကနေထွက်သွားပြီလားမသိဘူး🥺"
"အေးနော် ငါတို့လည်းစောစောထွက်လာတာပါပဲ ကားတေကဘာလို့အဲ့လောက်ကြာအောင်ပိတ်ရလဲမသိဘူး ဒါနဲ့သူတို့တခုခုဆိုလည်းငါတို့ကိုဖုန်းဆက်မှာပေါ့ဟ"
"ငါတို့ကိုဖုန်းဆက်မယ်ဟုတ်လား"
"အေးလေ ဘာလို့လဲ"
"မနေ့ညကငါ့ဖုန်းအားကုန်သွားတာအဲ့‌ေတာ့ပါဝါပိတ်သွားတာငါအားသွင်းပြီးမနက်ကြတော့ပြန်ဖွင့်ဖို့မေ့နေတာနင်‌ေပြာမှသတိရတယ်ဖွင့်လိုက်အုံးမယ်"
"နင်ကလည်းနော်လုပ်လိုက်ရင်မပြောချင်ဘူး မြန်မြန်ဖွင့်ကြည့်"
ဖုန်းဖွင့်လိုက်တော့ Missed call(10)😲
"ရတီသူငါ့ကို10ခါတောင်ခေါ်ထားတာဟ ငါတော့ဘယ်လိုတောင်ပြန်ပြောရမလဲမသိတော့‌ဘူး"
"အေးနော် ဟယ်မြတ်နိုး ဟိုမှာမြန်မြန်ကြည့်လိုက်"
ရတီကားတစ်စီးကိုလက်ညှိုးထိုးပြလိုက်တယ်
အဲ့ကားပေါ်မှာကားမောင်းတဲ့သူကသူရ ဘေးကခုံတွင်ထိုင်နေသူမှာမူရာ
အောင်သူကတော့ ကားပေါ်မှာမပါဘဲ အတန်းထဲတွင်သာနေခဲ့တယ်
"ရတီ မူရာကဘာလို့ကိုသူရဘေးကနေပါသွားရတာလဲ သူတို့တွဲလိုက်ပြီလားမသိဘူး"
"မြတ်နိုးရယ်နင်ကလည်းသေချာမသိရသေးဘဲနဲ့စိတ်ညစ်မနေပါနဲ့ဟာ"
မြတ်နိုးမှာမျက်ရည်တေဝဲပြီး
"ဒါပေမယ့်ဟာ ငါတို့နောက်ကျတော့လည်းငါတို့အပြစ်ပဲ ထားပါတော့ ငါကိုကမျှော်လင့်မိခဲ့တာပါရတီရယ်"
"ဟင် မြတ်နိုးနင်ကိုသူရကိုcrushနေတာလား"
"Omm ဟုတ်တယ် ငါ့ကိုငါအစကမသေချာလို့နင့်ကိုမပြောသေးတာ"
"နင်မပြောလည်းငါကသိပြီးသားပါဟာ နင်ခုလိုငါ့ကိုပြောမဲ့အချိန်ကိုစောင့်နေတာဟ ခုလိုနင်ကဝန်ခံတော့ငါကနင့်ကိုကူညီမပးရမှာပေါ့ဟဲ့"
"ဟာ.....နင်ကလည်းခုသူကမူရာနဲ့တွဲနေရင်ဘယ်လိုလုပ်မလဲ"
"နင်ကလည်းငါတို့တေစုံစမ်းရမယ်လေ"
"အေးပါ အဲ့ဟာကထားပါတော့ခုဘာလုပ်ကြမလဲ"
"ကျောင်းရောက်နေပါတယ်ဆိုမှတော့ အတန်းထဲသွားကြတာပေါ့ဟာ"
"Omm omm သွားမယ်"

Crush On You❤️Où les histoires vivent. Découvrez maintenant