part-1

15.3K 579 10
                                    

ပုံပြင်​တစ်​ပုဒ်​ရဲ့အစက ဟို​ရှေးတုန်းတုန်းကစကြတယ်
မင်းနဲ့ငါ့ရဲ့ပုံပြင်​မဟုတ်​တဲ့ဇာတ်​​ကြောင်းတစ်​ခုက​တော့
ဟိုတစ်​ခါတုန်းကလို့စကြမယ်​.......

ကျ​နော်​နဲ့သူရဲ့ဇာတ်​လမ်းက ဒီလိုစခဲ့ကြတယ်​......

ပေကျင်းမြို့​ရဲ့ အ​ဝေး​ပြေးလမ်းမ​ပေါ်မှာ အရှိန်​ပြင်းစွာ​ပြေး​နေတဲ့ ပြိုင်​ကား​လေးတစ်​စင်းရှိခဲ့တယ်​....

သူနဲ့အပြိုင်​ ​ပြေး​နေတဲ့ဆိုင်​ကယ်​​လေးတစ်​စီးလဲရှိ​နေ​လေရဲ့..

ကျ​နော့်နာမည်​က ​ရှောင်​ကျန့်​ သူ့နာမည်က ဝမ်​​ရိ​ပေါ်

ကျ​နော်​တို့က ငယ်​ငယ်​ ထဲကသူငယ်​ချင်း​တွေ ညီအကို​တွေ ဆိုပါ​တော့

အမြဲတမ်းပြိုင်​ဆိုင်​ရတာနှစ်​သက်​တယ်
စာလား အားကစားလား အကုန်​ပြိုင်​တယ်

အရွယ်​​ရောက်​​တော့လဲ ​လိုက်​ပိုးတဲ့​ကောင်​မ​လေးကို​တောင်​ ပြိုင်​ရင်းအ​ဖြေ​တောင်းတာကျ​နော်​တို့ပါ...

တ​နေ့ကျ​နော်​ အက်​စီးဒန့်​ဖြစ်​ပြီး ​ရှေး​ခေတ်​မ​ရောက်​ခင်​​ပေါ့

...................................

ကျ​နော်​မျက်​လုံး​တွေဖွင့်​လိုက်​​တော့ မယုံနိုင်​စရာ နန်း​ဆောင်​နဲ့ ပိုးဖဲစ​တွေ....

ပြီး​တော့ကျ​နော့်​​ဘေးမှာဒူး​ထောက်​ရပ်​​နေတဲ့​ကောင်​​လေးတစ်​​ယောက်​...

"သခင်​ နိုးပြီလား"

ကျ​နော်​ပြူး​ကြောင်​​ကြောင်​နဲ့ကြည့်​​နေဆဲပါပဲ...

"သခင်​..."

"မင်းဘယ်​သူလဲ"

"သခင်​ကျ​နော့်​ကိုမမှတ်​မိဘူးလား... ကျ​နော်​သခင့်​ရဲ့အ​စေခံ ဝမ်​နင်း​လေ"

"ဝမ်​နင်း"

ထို​ကောင်​​လေးက​ခေါင်းကိုသွင်​သွင်​ ညိတ်​ပြပါ၏

"ငါဘာဖြစ်​သွားတာလဲ"

"သခင်​ ကြာကန်​ထဲပြုတ်​ကျခဲ့တာပါ"

"ငါ......"
ထို​ကောင်​​လေးက ထပ်​မံ​ခေါင်းညိတ်​ပြပါ၏

"မင်းသိသ​လောက်​ငါ့အ​ကြောင်း​တွေ​ပြောပြပါလား"

Why not me?(zawgyi+unicode)(complete:)Where stories live. Discover now