တောက် တောက် တောက်
မီးရောင်ထွန်းထားခြင်းမရှိ မှောင်မိုက်နေသော အခန်းငယ်ထဲ ကွန်ပျူတာကီးဘုတ်ရိုက်သံသာ ကြားရလေသည်။ကီးဘုတ်ရိုက်နေသောသူကတော့ ကွန်ပျူတာ မျက်နှာပြင်ကစာကိုသာ မျက်မှန်တစ်လက်အားကိုးဖြင့် အာရုံစိုက်နေ၏။ထိုသူသည် ကြည်လင်သောမျက်နှာထားမရှိ မျက်ခုံးများကလဲအလိုမကျမှုကြောင့် တွန့်ချိုးနေသေးသည်။
ပြင်ပကရာသီဥတုသည်လဲ ထိုလူ၏စိတ်ကဲ့သို့ ကြည်လင်နေခြင်းမရှိ။တိမ်ညိုသော ကောင်းကင်က အငြိုးကြီးစွာ မိုးရေစက်တို့သွန်းဖြိုးလျက် တစ်ချက်တစ်ချက် လျှပ်ပန်းလျှပ်နွယ်များပါ ပါလာတက်သေးသည်။
သာမာန်လူတစ်ယောက်ဖို့ ဒီလိုမိုးအေးချိန် ကော်ဖီနွေးနွေးတစ်ခွက်ယူကာ စောင်ခြုံထဲ စာအုပ်ကောင်းကောင်းတစ်အုပ်နှင့် ချိုမြိန်သောပျားရည်ဆမ်းခရီးလေး ထွက်နေလောက်ပေလိမ့်မည်။ကွန်ပျူတာရှေ့ကလူကတော့ ကော်ဖီနွေးနွေးအစား ဝိုင်ပြင်းပြင်းတစ်ခွက် စောင်ထူထူအစား ဆွယ်တာပါးပါးတစ်ထည် သာရှိ၏။သာမန် လူနှင့် တူသည့်အချက်က စာအုပ်တစ်အုပ်ကို အဖော်ပြုနေရခြင်းသာဖြစ်သည်။
နောက်ဆုံးမှာတော့ ရက်သတ္တပတ်လောက် ကြာညောင်းခဲ့ရသည့် သူ့လုပ်ငန်းစဥ်ပြီးဆုံးသွားချေပြီ။ အဆုံးသတ်အနေနှင့် နောက်ဆုံးတစ်ခေါက်ပြန်စစ်ပြီး သူကွန်ပျူတာကိုပိတ်လိုက်သည်။နာရီကိုကြည့်တော့ ည၁၂နာရီပင် ရှိနေပြီဖြစ်သည်။ ခွက်ထဲတွင်ကျန်နေသေးသော တစ်ငုံစာဝိုင်ကို တစ်ကျိုက်တည်းကောက်မော့ရင်း သူအိပ်ယာဝင်ခဲ့သည်။
ဒီ...ဒီ...ဒီ.........
ကုတင်ခေါင်းရင်းတွင် တင်ထားသော Vibrateလုပ်ထားသောဖုန်းက သူ့အိပ်စက်ခြင်းအား ထိပါးလာချေပြီ။
"ဘာလဲ"
."........."
"ဘာကြီး!! "
ဖုန်းတစ်ဘက်က စကားအဆုံး သူ့ဧည့်ခန်းသို့ အပြေးသွားကာ TVဖွင့်ကြည့်လိုက်သည်။
စာရေးဆရာ အဲလက်စ်ဟာဆိုရင် ဒီနေ့မနက်မှာ နေအိမ်အတွင်း သေဆုံးနေတာပဲဖြစ်ပါတယ်။တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါသေဆုံးမှုမှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
YOU ARE READING
My World(ကျွန်ုပ်၏ ကမ္ဘာငယ်)